
ရခိုင်ပြည်နယ်
မောင်တော ခရိုင်၌ ထုတ်ပြန်ထားသော ဘင်္ဂါလီ မိသားစုများ တစ်အိမ်ထောင် ကလေး
နှစ်ဦးမူအား ဒေသန္တရ အမိန့်အဖြစ် သတ်မှတ် အကောင် အထည် ဖော်ပေးရေး ဆန္ဒဖော်
ထုတ်ပွဲကို စစ်တွေမြို့တွင် ဇွန် ၄ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။
”ကျွန်တော်တို့
ရခိုင်ပြည်နယ် အစိုးရရဲ့ ဘူးသီးတောင် မောင်တောမှာ ထုတ်ပြန်ထားတဲ့
ဘင်္ဂါလီမိသားစုများ တစ်အိမ်ထောင် ကလေးနှစ် ဦး မွေး ဖွား ခွင့်ဒေသန္တရ
အမိန့်ကို ထောက်ခံကြောင်း စည်းကမ်း ထိန်းသိမ်းရေးနှင့် ကူညီ
စောင့်ရှောက်ရေး ရဟန်းတော်များ က ဦးဆောင်ပြီး လှည့်လည် ဆန္ဒ ဖော်ထုတ်တာ
ဖြစ်ပါတယ်။ သံဃာ အပါး ၃ဝဝ လောက်နှင့် လူအင်အား ၂ဝဝဝ ကျော် ပါဝင်ပါတယ်။
ဝင်္ကဘာ ကွင်းကနေ စထွက်ပါတယ်။ မင်းဘာကြီးလမ်းကို ဝင်ပြီး မင်းဘာကြီး လမ်း ကနေ
မြောက် ဘက် ကိုသွားပြီး လမ်းမကြီး ကနေပြီး တော့ ဝင်္ကဘာ ကွင်းကို
ပြန်ဝင်ပါမယ်”ဟု လှည့်လည် ဆန္ဒဖော်ထုတ်ပွဲတွင် ပါ ဝင်သူ စစ်တွေမြို့ခံ
တစ်ဦး က ပြော သည်။ အဆိုပါ လှည့်လည် ဆန္ဒဖော်ထုတ် ပွဲမှာ မွန်းလွဲ ၂ နာရီ
ခန့်တွင် ပြီးဆုံးသွား ခဲ့ကြောင်း မြောက်ဦး မြို့တွင်လည်း အလာတူ ဆန္ဒ
ဖော်ထုတ်မှု ရှိခဲ့ကြောင်း စစ် တွေ ဒေသခံ တစ်ဦးမှ ပြောကြားခဲ့သည်။ ”ဆန္ဒ
ဖော်ထုတ်ပွဲ က အေးအေး ချမ်းချမ်းပဲ ပြီးဆုံးသွားပါတယ်။ ရခိုင် ပြည်နယ်မှာ
ရှိတဲ့ NLD အပါအဝင် တခြား ပါတီများ က လည်း ဒီ ဆန္ဒဖော် ထုတ်ပွဲကို အားပေးခဲ့
ကြပါတယ်”ဟု စီးတန်း လှည့်လည် ပွဲတွင် ပါဝင်ခဲ့သူ တစ် ဦးက
ဖုန်းဖြင့်
ပေါ်ပြူလာနယူးစ်သို့ ပြော ကြားခဲ့သည်။
ဘူသီးတောင်
မောင်တော ဒေသ တွင် ဘင်္ဂါလီ လူဦးရေမှာ ရခိုင်ဒေသခံ များထက် အဆပေါင်း
များစွာ ပိုမိုနေပြီး လူဦးရေ စုစုပေါင်း ၏ ၉ဝ ရာခိုင်နှုန်း ကျော်
ရှိနေကြောင်း၊ ဘင်္ဂါလီ မိသားစုများ အနေဖြင့် တစ်အိမ်ထောင်လျှင် ကလေး
နှစ်ဦးသာ မွေးဖွားခွင့် ဒေသန္တရ အမိန့် ကို ၁၉၉၅ ခုနှစ် ကပင် စတင် ထုတ်ပြန်
ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ သို့ရာတွင် ထို ဒေသန္တရ အမိန့်သည်
လူ့အခွင့်အရေးကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု ဒေါ်အောင်ဆန်း စုကြည်က မေလ ၂၇
ရက်နေ့တွင် ကျင်းပသော ဒီချုပ် ဗဟိုဦးစီး အစည်းအဝေး အပြီး
သတင်းထောက်တစ်ဦး၏မေး မြန်းမှုအား ဖြေကြားခဲ့သည်။
ပေါ်ပြူလာဂျာနယ်
No comments:
Post a Comment