MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, June 10, 2013

ဖုန်းစာချုပ် မရရှိသဖြင့် အရစ်ကျ စနစ်ဖြင့် ဖုန်းဝယ်ယူထားသူများ အခက်ကြုံ

ကျေးလက် ဒေသများတွင် အရစ်ကျ စနစ်ဖြင့် ဂျီအက်စ်အမ် မိုဘိုင်းဖုန်း ၀ယ်ယူထားသူများ အနေဖြင့် ဖုန်းစာချုပ် မရရှိမှုကြောင့် အခက်အခဲ ကြုံတွေ့ရကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့်လည်း ယင်းကိစ္စအတွက် တစ်စုံတစ်ရာ ပြုလုပ်ပေးရန် အစီအစဉ် မရှိကြောင်း သိရသည်။
"ကျပ် ၁၅၀၀ ဖုန်းတွေတောင် ဖုန်းစာချုပ် ရှိသေးတာပဲ။ ကျွန်တော်တို့ အနေနဲ့ ဒီအရစ်ကျ ဖုန်းတွေကို ကျပ်တစ်သိန်း နီးပါးလောက် ပေးသွင်းခဲ့ရတာ၊ ဖုန်းစာချုပ် ရသင့်တယ်။ အင်တာနက် လျှောက်တာ၊ ဖုန်းကတ်ပျက်တာ၊ ဖုန်းကတ်ပျောက်တာနဲ့ အရောင်းအ၀ယ်တွေ လုပ်တဲ့အခါ စာချုပ်က လိုတာပဲလေ။ စာချုပ်မရှိတဲ့အခါ မလိုအပ်တဲ့ အရှုပ်အထွေးတွေ ဖြစ်လာနိုင်တယ်" ဟု မွန်ပြည်နယ်၊ သထုံမြို့နယ်မှ
အရစ်ကျ စနစ်ဖြင့် ဖုန်းဝယ်ယူခဲ့သူ တစ်ဦးက ပြောကြားခဲ့သည်။
ဈေးကွက် အတွင်း၌ ဖုန်းဆင်းကတ် အရောင်းအ၀ယ် ပြုလုပ်သည့်အခါ ဖုန်းစာချုပ် ရှိပါက ဈေးနှုန်းပိုမို ရရှိပြီး ဖုန်းစာချုပ် မရှိပါက ဈေးနှုန်းလျော့နည်းကြောင်း သိရသည်။ ဆက်သွယ်ရေး ရုံးများတွင် တစ်စုံတစ်ရာ ဆောင်ရွက်ရပါကလည်း ဖုန်းစာချုပ် လိုအပ်မှု ရှိနေကြောင်း သိရသည်။
"အရစ်ကျ ဖုန်းတွေအတွက် ငွေဆက်သွင်းစရာ မလိုတော့ပါဘူး။ ငွေဆက်သွင်းစရာ မလိုတော့ပါဘူးဆိုမှ ပြီးပြီပေါ့။ ကျန်တာကတော့ သက်ဆိုင်တဲ့ အဖွဲ့တွေက ဆက်ပြီးဆောင်ရွက် ပါလိမ့်မယ်" ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးသောင်းတင်က ပြောကြားသည်။

Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။