MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, June 10, 2013

မလေးရှားနိုင်ငံတွင် အကြမ်းဖက် တိုက်ခိုက်ခံရမူကြောင့် ဆေးရုံတက် ကုသခံယူနေရသူ မြန်မာနိုင်ငံသားများ အတွက် Eleven Media Group မှ ဒေါ်လာတစ်ထောင် လှူဒါန်း

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများအား ပစ်မှတ်ထား၍ မေ ၃၀ ရက်မှ စတင်ခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် မလေးရှားနိုင်ငံ ဆေးရုံများတွင် တက်ရောက်ကုသမှု ခံယူနေရသူများအတွက် Eleven Media Group မှ အမေရိကန်ဒေါ်လာ တစ်ထောင်ကို မလေးရှားနိုင်ငံ ကပုန်း နာရေးကူညီမှု အသင်းမှတဆင့် ဇွန် ၁၀ ရက်က ဆက်သွယ် လှူဒါန်းခဲ့ပါသည်။
မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ မေ ၃၀ ရက်မှ စတင်ကာ အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်ခြင်းများ တွေ့ကြုံခဲ့ရပြီး မေ ၃၀ ၇က်တွင် မြန်မာနိုင်ငံသားတစ်ဦး၊ မေ ၃၁ ရက်တွင် တစ်ဦး၊ ဇွန် ၂ ရက်တွင် တစ်ဦး ဇွန် ၇ ရက်တွင် တစ်ဦး၊ ဇွန် ၈ ရက်တွင်နှစ်ဦး စုစုပေါင်း ရှစ်ဦး သတ်ဖြတ်ခံရကာ ၁၂ ဦးမှာ ဒဏ်ရာပြင်းထန်၍ မလေးရှာနိုင်ငံ ဆေးရုံများတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။ ထိုသို ဒဏ်ရာပြင်းထန်၍ ဆေးကုသမှု ခံယူနေရသူ မြန်မာအလုပ်သမားများအား မလေးရှားနိုင်ငံ ဆေးရုံများမှ ဆးကုသမှုစရိတ် ပေးချေနိုင်ခြင်း မရှိပါက ဆက်လက်ဆေးကုသရန် အခက်အခဲများ ရှိနေကြောင်းလည်း သိရှိရသဖြင့် မလေးရှားနိုင်ငံ ကပုန်းနာရေး ကူညီမှုအသင်းသို့ ဆက်သွယ်ကာ ဆေးကုသစရိတ်အဖြစ် အမေရိကန်ဒေါ်လာ တစ်ထောင်အား Eleven Media Group က ဇွန် ၁၀ ရက်နေ့တွင် လှူဒါန်းခဲ့ခြင်းဖြစ်သည်။
“လိုအပ်တာတွေ ရှိနေပါတယ် တစ်ချို့က ဆေးရုံပေါ်မှာ တစ်ချို့က ရဲစခန်းတွေမှာ၊ အခုအဲဒီကိစ္စတွေ လိုက်လုပ်နေပါတယ် အခုထိ မသဂြိုလ်ရသေးတဲ့ အလောင်းခြောက်လောင်း ရှိသေးတယ် နောက်အခက်အခဲက သေဆုံးသွားတဲ့ သူတွေအတွက် စာရွတ်စာတမ်းတွေကလည်း မပြည့်မစုံ မိသားစုတွေကလည်း မသွားတတ် မလာတတ်နဲ့ဆိုတော့ နိုင်ငံခြားရေး ၀န်ကြီးဋ္ဌာနက သဂြိုလ်ဖို့
ခွင့်ပြုတယ်ဆိုတဲ့ စာလိုနေတာပါ အဲဒါရရင် ကျွန်တော်ဘာသာ ကျွန်တော်တို့ သဂြိုလ်မှာပါ” ဟု မလေးရှားနိုင်ငံ ကပုန်းနာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြောကြားခဲ့သည်။

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။