Japan ဘက်ခြမ်းမှ ကားလေလံဆွဲ ၀ယ်ယူခြင်း ..... အဆက် ..
TOYOTA LAND CRUISER PRADO 1997 ကို ဂျပန်ကနေ ဒီအရောက် 136 သိန်း နဲ့ ရထားပါတယ် .
( 1997 – 2008 ) အတွက် Taxi အပ်မည့်သူများ ကားဟောင်းအပ်မည့်သူများ စလစ် ကိုင်ထားသူများ
ကိုယ်အိမ်ကကားဟောင်းလေး ကို သွားအပ်မယ်ဆိုရင် . စလစ်လက်ထဲရောက်ထဲအထိ ကညန
ပွဲစားတွေ က 1 သိန်း ခွဲ နဲ့လက်ခံပါတယ် ..ကိုယ်က သူများကားဟောင်းကိုဝယ်မယ်
ကိုယ့်နာမည်နဲ့ အမည်ဖောက်မယ် .CNG အိုးလဲ အမည်ဖောက်မယ်ဆိုရင်တော့
စလစ်လက်ထဲအရောက် သံရည်ကြိုပါ .. 5 သိန်း - 6 သိန်းကြား လောက်ကုန်ပါမယ်
..ပုံမှန်အားဖြင့် 1 ရက်ကနေ 1 ပတ်ကြာတတ်ပါတယ် .ရဲမူရှိမရှိ အခွန်ကြေမကြေ
စတာတွေ ကို စစ်ပါတယ် ကြေမှ စလစ် ထွက်ပါတယ် ..ကိုယ်နာမည်လေး နဲ့ စလစ်
ရပြီဆိုပါတော့
Land CRUISER PRADO 1997 ဟာ စလစ်နဲ့ကပ်ပြီး သွင်း ရတဲ့ကားအမျိုးစားဖြစ်တာကြောင့်.စလစ်ကပ်ရပါမယ် ..
စလစ်ဈေးကတော့ သိကြတဲ့ အတိုင်းပဲ အရည်ကြို ကိုမေးပါ ..ခန့်မှန်းပြောမယ်ဗျာ သိန်း 85 ပဲ ထားပါတော့
Company နာမည်ခံခြင်း .. ( 4 သိန်း )ကိုယ်က
ကားသွင်းဖို့ဆိုရင်လိုင်စင်လျှောက် ရပါမယ် ဒီနေရာမှာအစိုးရက မေးပါမယ်
ဘယ်အကောင့်ကနေငွေချေပီး ကားဝယ်မှာလဲဆိုတဲ့ မေးခွန်းပါ ဒါကြောင့် Company
တခုကို မိမိ ကိုယ်စား ကားဝယ်ပေးခိုင်း ရပါမယ် ..တရားဝင်ပေါ့
ပုံမှန်လမ်းတိုင်းသွားမယ် ဆို ရင် ဟိုဘက်ဆောင်းပါးမှာပါတဲ့ ကားတန်ဖိုးကိုပဲ Real TT လုပ်လိုက် ရင်လဲ ရပါတယ် သို့သော်လည်း
TT
ဆိုတဲ့သဘောအရ ကုန်ပစ္စည်း ရောက်ပီး ထုတ်ပီးမှ ငွေချေရတဲ့ ထုံးစံ ရှိတာ မို့
ဂျပန်ဘက်က ကိုယ့်ကို အရင်ကားပို့ကားရောက်မှ ငွေချေတယ်ဆို တာကို လက်ခံတာ
ရှားပါတယ် .ဒါကြောင့်မလို့ ကားကို လေလံဆွဲပေးတဲ့ သူက သူဟာဟူ ဟွန်ဒီ နဲ့
ဖြစ်ဖြစ် ချိတ်ဆက်တာတခုခု နဲ့ ငွေ အရင်ချေပါလိမ့်မယ် ..(
အောက်လမ်းခေါ်မှာပေါ့ဗျာ )
ကိုယ်ကကတော့ ကားသွင်းတော့မယ် အစိုးရနဲ့ လုပ် ရတဲ့ အပိုင်းဖြစ်တဲ့အတွက် သတ်မှတ်မူဝါဒတွေ အတိုင်း လုပ် ရမှာကြောင့်
Company
တခုခု ကို အားကိုရတာပါ ... Trading Company အများစုက Trading
လုပ်တာဖြစ်တဲ့ အတွက် နိုင်ငံခြားအခွန်ဆောင်ပီးသားငွေ ရှိပါတယ်
..ဒါကြောင့်သူ့ဆီကနေ Earning ၀ယ်ပီး သွင်းရမှာပါ .. ( LC လုပ်ပီးသွင်းလို့
ရတာပဲဆိုပီး အထွန့်တက်လို့ ရပါတယ် ..အချိန်ရယ် ငွေ ရယ် ပိုပါလိမ့်မယ် )
( မှတ်ချက် : 1.3 Free Permit အကြောင်းသိချင် ရင် ဒီမှာဖတ်ပါ
https://www.facebook.com/photo.php?fbid=458888180843511&set=a.408768759188787.100377.408753882523608&type=1&permPage=1 )
ထားပါတော့ ..CIF ရှာမယ်
ကိုယ်သွင်းမယ့်ကားကို CIF ကြည့် ရပါမယ် TOYOTA LAND CRUISER PRADO 1997 ( Diesel )

ပုံအတိုင်းဆို TOYOTA LAND CRUISER PRADO 1997 အတွက် CIF 8000 ကျပါတယ်.
အသေးစိတ်ထပ်ပီး ရှာချင် ရင်
http://www.commerce.gov.mm/index.php?option=com_content&view=category&layout=blog&id=102&Itemid=431&lang=my ဒီမှာ ရှာပါ
( တကယ်လို့များမိမိ
သွင်းချင်တဲ့ကားက .. 1350 CC အောက်ကားလဲမဟုတ်ဘူး .ဈေးနူန်း List
ထဲမှာလဲမပါဘူးဆိုရင်တော့ နေပြည်တော် ကုန်သွယ်ရေး ကို ဈေးမေးရပါမယ်
.သူတို့က ဈေးနူန်းအစည်းအဝေးတင်ပီး ဆုံဖြတ်လို့ကျလာတဲ့
ဈေးနဲ့လျှောက်ရပါမယ်
ကိုယ့်သွင်းမယ့်ကားဟာ . Brand အသစ်မဟုတ်ပဲ
Toyota , Honda စတဲ့ ဟာတွေများဖြစ်ခဲ့မယ်ဆိုရင် သတ်မှတ်ထားတဲ့ဈေးနူန်း
List မှာ ကိုယ် သွင်းမယ့်ကား က Saloon လား Van လား Wagon လားဆိုတာကြည့်ပါ .
Toyota XXXXX Saloon ဆိုပါတော့ List ထဲမှာ Sub –Brand မရေးထားတဲ့ အကွက်
ဈေး ကို ယူရမှာဖြစ်ပါတယ် Wagon ဆိုလဲ Wagon ထဲမှာပါတဲ့ Sub –Brand
မရေးထားတဲ့ ဈေးပေါ့ . )
လိုင်စင်လျှောက်ခြင်း ( ၁ သိန်း )
ဈေးရပီဆို ရင် အဲဒီဈေးနဲ့လိုင် စင်လျှောက် ရမှာပါ ..
Invoice တစောင် နိုင်ငံခြား Latter Hard နဲ့ တံဆိပ်တုံးထုပြီးနာမည်ဖောက်မယ့်လူနာမည်နဲ့အပ်ထားတဲ့ အရည်ကြို စလစ်မူရင်း18 နှစ်ပြည့် နိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်ထားသူ (ဧည့်ပြုမရပါ ) မှတိပုံတင်မူရင်း
Special Power တစောင် မူရင်းလိုပါတယ် ..
ပုံမှန်အားဖြင့်
လိုင်စင်လျှောက်တာ ကို နာမည်ခံပေးတဲ့ Company က
အပြီးအစီးလိုင်စင်လျှောက်ပေးပါတယ် အပြီးစီး ၃ သိန်းဆိုပါတော့ဗျာ
လိုင်စင်ကြီးပဲ သီးသန့်လျှောက်တာကို ၁ သိန်းယူပါတယ် ..နေပြည်တော် မှာ တော့
စလစ် နဲ့ကားတွေကိုလျှောက်ပါတယ် ရန်ကုန် ကုန်သွယ်ရေး ရုံးမှာတော့ Free
Permit ပေးလျှောက်ပါတယ် ကျွန်တော်ကတော့ စလစ် ပဲဖြစ်ဖြစ် Free Permit
ပဲဖြစ်ဖြစ်နေပြည်တော်မှာပဲ လျှောက်တယ် မြန်တယ် စိတ်ချမ်းသာတယ် ..Real သွင်း
ရတဲ့ ငွေက ၅၅၀၀၀ ပါ ကျန်တာကတော့ ၀န်ဆောင်စရိတ်တွေပေါ့
..လိုင်စင်လျှောက်တဲ့ သူကတော့ ၂ သောင်းလောက်တော့ ကပ်သတ်ပြီးကျန်ပါတယ်
တချို့ကလဲ ၈ သောင်းလောက်နဲ့ လုပ်ကြတယ် ..ထားပါ
RECONDITIONED
WAGON
BRAND NAME :LAND CRUISER PRADO ( Diesel )
MODEL YEAR : 1997
ENGINE POWER : 3000 CC
CIF 8000 နဲ့ လိုင်စင်လေး ဟာ ၁ ရက် ကနေ ၃ ရက်တွင်းလက်ထဲရောက်လာပါမယ်
အခွန်တွက်ကြည့်ကြမယ် .......

ပုံအရ အခွန်က Motor-homes Saloon, Wagon,Hatchback, Van, Double Cab.(engine displacement 2000 cc အထက်)၄၀%၂၅%ဆောင်ရပါမယ် .
ဒီအခွန်ဇယားအရဆိုရင်
Truck အခွန်ဈေး သက်သာပါတယ် 3%5% ကြောင့်ပါ အခုဆို ရင် Pick Up တွေပါ
ဒီဈေးနဲ့ ရနေပီ အပ်ကားစလစ် Taxi ဆိုရင်လဲ ဈေး သက်သာပါတယ်
အင်ဂျင်ပါကန့်သတ်ထားခြင်းမရှိပဲ CD 3% နှင့် CT 25% ဖြစ်လို့ဈေးသက်သာပါတယ်
.တော်တော်များများကတော့ 2000 အောက် တွေ ပဲ သွင်းကြပါတယ် 30%25% ပဲ
ဆောင်ရလို့ပါ CIF 5000 ကို 30%25% ဆိုရင် 27
သိန်းဝန်းကျင်သာအခွန်ဆောင်ရပါမယ် 2000 CC အထက် ဆိုရင်တော့ CIF ဈေး 5000
ကို 40%25% ဆိုရင် 33 သိန်း ၀န်ကျင် ပေါ့ Taxi ကားတွေဆိုရင် 3%25% ဆိုရင်
13 သိန်း ကျော် သာ ကျမှာဖြစ်ပါတယ် .အကြမ်းတွက်ထားတာပါ ဘာလို့ 5000 နဲ့
တွက်တာလဲ မမေးပါနဲ့. တော်တော်များများက 5000 တန်ပဲ သွင်းပါတယ် ။ (ဗဟုသုတပါ )
ဈေးတွက်ကြည့် ရအောင် ကာစတန် အခွန်

ဒီတော့
ကာစတန် Duty ကြီးပဲ 5440000 ကျပါတယ် ..အခြားစရိတ်တွေမပါ ရင်ပေါ့ဗျာ
.တခါတလေ Typing Error ကြေးတို့ လိုင်စင်နောက်ကျပြီးသဘောံဝင်တာစော ရင် VPA
တို့ ရှိရင် ထည့်ပေါင်း ရပါမယ် .PO လုပ် ရင်လဲ ထည့်ပေါင်းပါမယ် ..
အားလုံးပီးရင် -- လေလံကနေ၀ယ်ပေးတဲ့ အေးဂျင့်ဆီမှာ
DHL
မှတဆင့်မိမိထံသို့ invoice 1 sheet , Export Certificate ( ကန်ဆယ်လေးရှင်း
) 1 sheet , BL ( first cover , second , third Original ) 3 sheet
ရောက်ရှိနေပါမယ် ။ လည်းကောင်း အဆင့်များအားလုံးပီးရန် အချိန် 1 လ သို့မဟုတ်
1 လခွဲ ကြာပါတယ် .. ကျွန်တော် ဆိုရင်တော့ အဲ ဒီလောက်အချိန်မယူပါ .ဂျပန်
ဘက်က ကြတာ ဖြစ်ပါတယ် )
အေးဂျင့်အပ်မယ် ..
အေးဂျင့် အပ်မယ်ဆိုရင်လိုတဲ့ စာရွက်စာတမ်းတွေကတော့
လိုင်စင် ( Original )
မှတ်ပုံတင် ( Original )
BL 3 စောင် ( Original ) ..Shipper တုံးထုပြီး
Export Certificate ( Original )
Invoice 1 ( Original ) ..Shipper တုံးထုပြီး
Packing List ( Original ) ..Shipper တုံးထုပြီး
Company Latter Hard 2 စောင် ..Company တုံးထုပြီး
လည်းကောင်း
စာရွက်များ ကို Agent ကိုပေးလိုက်ပါ ..ဒါဆိုရင်တော့ အမှားမရှိရင် အချိန် 3
ရက်ပဲ ကြာမှ ဖြစ်ပြီး မှားရင်တော့ မှားသလို့ ပိုက်ဆံထပ်ပိုပေးရသလို
အချိန်လဲ ကြာနိုင်ပါတယ်
အဲတာတွေ စုံရင် အပ်လို့ရပါပီ .ဈေးကတော့ ၁.၅ သိန်းကနေ ၂ သိန်းထိယူပါတယ် .( Ro Ro ဈေး )
အေးဂျင့်ကပထမဆုံး ဖိုင်စီပြီး ကာစတန်ဖိုင် ကိုရမ်းပါမယ် ..အဲဒီအချိန်မှာပဲ ကာစတန်ခွန်ကို po လုပ်ပီးသွင်းရပါမယ်
မြစ်ကြောင်းခွန် - Delivery Order - SP - လိုအပ် ရင် သင်္ဘောလိုင်းသွားပီး Release ထုတ်ရပါတယ် ..
သင်္ဘော
ဆိပ်ကမ်းကပ်ပီး တာနဲ့ ဖိုင်ရမ်းလို့ ရပါတယ် .ကပ်ပီးပီးချင်
ကားထုတ်လို့မရပါ အနည်းဆုံး ၁ ရက် ၂ ရက်တော့ စောင့်ပါဘာလို့လဲဆို
သင်္ဘောကနေကားချတာနဲ့ ဘာနဲ့ ဆာဘေး ဆင်းတာတွေကြောင့်ပါ .
ဖိုင်ပီးရင်တော့
မိမိ ကိုယ်တိုင် ဆိပ်ကမ်းလိုက် ပီးကားထုတ်လို့ ရပါပီ ..ကားထွက်မှ ယူလဲ
ရသလို့အေးဂျင့်နဲ့တူတူလိုက်ပီး ကားမောင်းပြီးထုတ်နိုင်ပါတယ် ..ဟိုဟာ ပါမလာ
ဒီဟာပါမလာဆို ရင် အဲဒီမှာကြည့်ပီး ငြင်းကြပေါ့ .စည်းခတ်ပြီး Gate pass ယူ
ဘက်ထရီထောက် ဆီထည့်ပီး ကိုယ် တိုင်မောင်းယူသွားပါတော့ ...
အေးဂျင့်ဆီကနေ ကညန အတွက် အိတ်ပိတ်
ID မူရင်းအ ညို
လိုင်စင် မူရင်းတောင်ယူဖို့မမေ့ပါနဲ့
ဒီ ၃ခုက ကညန မှာ အုံနာဘုတ်ထုတ်ဖို့ပါ ..
Company နာမည်ခံခ 400,000.00
လိုင်စင်လျှောက်ထားခ 100,000.00
Agent Fees 150,000.00
Custom Duty 5,440,000.00
.........................................................
Total 6,090,000.00
ကညနပိုင်း
ကညန ပိုင်းကတော့ ဆရာတွေ ရှိလို့မရေးတော့ပါဘူး .၁သိန်းပေးပီးသာ လုပ်လိုပါနော် ..
၁ သိန်းမပေးချင်လဲ ကိုယ်တိုင် သာ ရမ်းပါ မြန်သလို အပိုစရိတ် ၁ သိန်းလဲ သက်သာပါတယ်
ကညနခွန်လေးပါ တွက်ပေးလိုက်ပါမယ်

ပုံအရမိမိကားဟာ အပ်ကားဖြစ်တဲ့အတွက် ..၆၀ % အခွန်လျှော့ပေါ့မူကြောင့် CIF 8000 ရဲ့ ၄၀ % ဆောင် ရပါမယ်
ဒီနေရာမှာဆောင် ရမှာကတော့ ဒေါ်လာ ၂၆၆၇ ကျသင့်မှာပါ
ဘာကြေးညာကြေးတွေ ရှိပါသေးတယ် .အဲဒီအခွန်ငွေသွင်းပြီး ရင်တော့ ၂ ပတ် ၃ ပတ်လောက်စောင့်လိုက် ရင် အုံနာဘုတ်ထွက်လာပါလိမ့်မယ် ..
ဒီမှာရှင်းရှင်းလေးတွက်ထားပေးတယ်နော်

ဒီဈေးတွေထက်ပိုလည်းနည်းနည်းပေါ့ ငွေဈေးအပြောင်းလဲတွေကြောင့် ကွာတော့ကွာပါမယ် ၀န်ဆောင်ခတွေလဲ ယူတာခြင်းမတူတာကြောင့် ကွာပါမယ်
ကိုနေစေး
ဂျပန်ဘက်ခြမ်းမှ ကားလေလံဆွဲ ၀ယ်ယူခြင်း .....
https://www.facebook.com/notes/smile-%E1%80%80%E1%80%AC%E1%80%B8%E1%80%B1%E1%80%9B%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%8A%E1%80%B9-services/%E1%80%82%E1%80%BA%E1%80%95%E1%80%94%E1%80%B9%E1%80%98%E1%80%80%E1%80%B9%E1%80%BB%E1%80%81%E1%80%99%E1%80%B9%E1%80%B8%E1%80%99%E1%80%BD-%E1%80%80%E1%80%AC%E1%80%B8%E1%80%B1%E1%80%9C%E1%80%9C%E1%80%B6%E1%80%86%E1%80%B2%E1%80%BC-%E1%81%80%E1%80%9A%E1%80%B9%E1%80%9A%E1%80%B0%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8-/524010310997964