MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, July 27, 2013

ကျောင်းသူ၊ ကျောင်းသားများ ပညာအရည်အသွေးနိမ့်ပါးခြင်း ကျူရှင်များကြောင့်ဖြစ်ရဟု ဒု-သမ္မတပြော

ကျောင်းသူ၊ ကျောင်းသားများ ပညာအရည်အသွေးနိမ့်ပါးခြင်း ကျူရှင်များကြောင့်ဖြစ်ရဟု ဒု-သမ္မတပြော

ကိုတိုးကြီး | သောကြာနေ့၊ ဇူလိုင်လ ၂၆ ရက် ၂၀၁၃ ခုနှစ် ၂၁ နာရီ ၂၂ မိနစ်

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ကျောင်းသူကျောင်းသားများ ပညာအရည်အသွေး နိမ့်ကျနေ ခြင်းသည် ဆရာ၊ ဆရာမများ ကျူရှင်သင်ပေးနေခြင်းကြောင့်ဟု စစ်ကိုင်းတိုင်း မုံရွာမြို့ အမှတ် ၁ အခြေခံ ပညာ အထက်တန်းကျောင်းတွင် ဇူလိုင်လ ၂၄ ရက်က ပြုလုပ်သည့် မိဘဆရာအသင်းနှင့် တွေ့ဆုံမှုတွင် ပြောဆိုလိုက်သည်။

“ကလေးတွေရဲ့ ပညာရည် အရည်အသွေး တက်မလာရခြင်းဟာ ဆရာ၊ဆရာမတွေရဲ့ ကျူရှင်တွေပေးတဲ့ အတွက်ကြောင့် ပါတယ်ဆိုရင် ဆရာ၊ ဆရာမတွေ လက်ခံကြလိမ့်လို့ ထင်ပါတယ်”ဟု ဒုတိယသမ္မတက ပြောသည်။

သို့သော် အစိုးရစာသင်ကျောင်းများအတွင်း သင်ထောက်ကူပစ္စည်းများ မလုံလောက်ခြင်း၊ စာသင်ခန်းနှင့် သင်ယူသည့် ကျောင်းသားဦးရေ မမျှတဘဲ ရှိနေခြင်းတို့က အစိုးရ၏ လိုအပ်ချက်များသာ ဖြစ်သည်ဟု ပညာရေးဝန်ထမ်းတို့က ဆိုကြသည်။

ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ပြောဆိုသည့် ကျူရှင်များကြောင့် ကျောင်းသူ၊ကျောင်းသားတို့ ပညာ အရည်အသွေး နိမ့်ကျရခြင်းဟု ပြောဆိုချက်သည် လက်ခံနိုင်ဖွယ်မရှိဟုလည်း ရန်ကုန်မြို့ မရမ်းကုန်းမြို့ နယ်အတွင်း ကျူရှင်ဝိုင်းများ ဖွင့်လှစ်ထားသူ ဆရာဦးညီထက်က ဆိုသည်။

“ကျောင်းတွေမှာ သင်ကြတဲ့အခါ၊ ကျောင်းက ဆရာ၊ ဆရာမတွေက ဘာကို သင်လိုက်တယ်ဆိုတာ နားမလည်ကြလို့ပါ၊ အခက်အခဲ ရှိကြလို့ပါ၊ အခု ကလေး အားလုံးနီးပါးလောက်က ကျောင်းမှာ သင်ရင် နားမလည်တော့ ကျူရှင်တက်ကြတယ်၊ ကျူရှင်တက်လိုက်ရင် သူတို့ နားလည်ကြတယ်၊ ကျူရှင်တက်တာက ကလေးတွေဘက်မှာ တိုးတတ်မှုရှိပါတယ်၊ ဘယ်သူကမှ ငွေရော၊ အချိန်ရော ပိုကုန်ချင်ကြမှာလဲ” ဟု ဦး ညီထက်က ပြောသည်။

မုံရွာမြို့ အမှတ်၁အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်သည့်ဆွေးနွေးမှုအတွင်း ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ကျောင်းသူ၊ ကျောင်းသားများကို စာသင်ကြားရာတွင် ကိုယ်ပိုင်ဉာဏ်၊ အတွေးအခေါ်များ မြင့်မားလာရန် သင်ကြားပေးစေလိုကြောင်း ဆရာ၊ ဆရာမများကို တိုက်တွန်းသွားသည်။

“ဆရာ၊ ဆရာမများအနေဖြင့် ကလေးတွေကို ကိုယ့်သားသမီးတွေလို သဘောထားပြီး ကိုယ်ပိုင်ဉာဏ်၊ ကိုယ်ပိုင်အတွေးအခေါ်နဲ့ သိမြင်လာအောင် စေတနာထားပြီး သင်ကြားပို့ချပေးသွားရန် နိုင်ငံတော်ရဲ့ ကိုယ်စား ပြောလိုပါတယ်”ဟု ပြောသည်။


Mizzima - News in Burmese

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။