မန္တလေး၊ ဇူလိုင် ၂၄
နေပြည်တော် ကောင်စီ အပါအဝင် မန္တလေးနှင့် ပြင်ဦးလွင်မြို့တို့တွင် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဇွန်လ အတွင်းက တစ်ပြိုင်နက် ဗုံးပေါက်ကွဲမှု ဖြစ် ပွားစေခဲ့သည့် တရားခံ ငါးဦးကို ၂ နှစ်ကျော်ခန့် အကြာ ဇူလိုင်လ ၂၄ ရက်နေ့တွင် ပြစ်ဒဏ် အသီးသီး ချမှတ်လိုက်ကြောင်း မန္တလေးခရိုင် တရားရုံး ထံမှ စုံစမ်း သိရှိရသည်။
အဆိုပါ ဖြစ်စဉ်များတွင် ပါဝင်သူများဖြစ်သည့် ဦးစိုင်းလှအောင်နှင့် ဦးစိုင်းမျိုးခင်တို့ကို အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ၊ ဦးစိုင်းမိုးဟိန်းနှင့် ဦးစိုင်းသိန်းနိုင်တို့ကို အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ်စီနှင့် ဦးစိုင်းကျော်သန်း ကို အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ်ခွဲ ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း မန္တလေး ခရိုင် တရားသူကြီးက ပြောကြားသည်။
ပေါက်ကွဲစေတတ်သော ဥပဒေ ပုဒ်မ ၃/၆ - ၁၇ (၁) နှင့် ပေါက်ကွဲမှု ပုဒ်မ မ-၆ တို့ဖြင့် အဆိုပါ တရားခံ ငါးဦးကို တရားစွဲဆိုခဲ့ကာ ပြစ်မှု ထင်ရှား သဖြင့် ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲစေတတ်သော ပြစ်မှု ဥပဒေအရ တစ်မှုလျှင် ပြစ်ဒဏ် ၁၀ နှစ်စီ ဖြစ်သော်လည်း လျှော့ပေါ့ ပြစ်ဒဏ် အဖြစ် ပြစ်မှု သုံးခုအတွက်
တပေါင်းတည်း ကျခံရန် အမိန့်ချခဲ့ကြောင်းနှင့် ၎င်းတို့အနေနှင့် အယူခံ ဝင်နိုင်ကြောင်း ခရိုင် တရားရုံးမှ တရားသူကြီးက ထပ်မံ ပြောကြားသည်။
“ဒီနေ့ ပြစ်ဒဏ် အသီးသီးချတဲ့ တရားခွင်ကို တံခါးပိတ် ပြုလုပ်ခဲ့တယ်။ တရားစီရင်မှုက ထင်သာ မြင်သာ မရှိဘူး” ဟု ပြစ်ဒဏ်ကျ ဦးစိုင်းကျော်သန်း ၏ ညီမ ဖြစ်သူက ပြောကြားသည်။
၂၀၁၁ ခုနှစ် ဇွန်လ ၂၄ ရက်နေ့က မန္တလေး ဈေးချိုအနီးတွင် လိုင်စင်မဲ့ ယာဉ်တစ်စီး ဗုံးပေါက်ကွဲမှု၊ ပြင်ဦးလွင်မြို့ရှိ နေအိမ် ဗုံးပေါက်ကွဲ မှုနှင့် နေပြည်တော်မြို့ရှိ နေအိမ် တစ်လုံးတို့တွင် ဗုံးပေါက်ကွဲမှုများ တစ်ပြိုင်နက် ဖြစ်ပွားခဲ့သည်။
နေပြည်တော်နှင့် သပြေကုန်း ဈေးအနီးရှိ လူမနေသော နေအိမ် တစ်ခုတွင် ဇွန်လ ၂၄ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်၌ ဗုံးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ပြီး လူ ထိခိုက် သေဆုံးမှု မရှိခဲ့သော်လည်း ယင်းဗုံးပေါက်ကွဲမှု မတိုင်ခင် ၁၀ မိနစ်ခန့်က မန္တလေးမြို့ ဈေးချို ဟိုတယ်အနီး ရပ်နားထားသော ကားတစ်စီးပေါ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူသုံးဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း နိုင်ငံပိုင် သတင်း မီဒီယာများတွင် တရားဝင် ဖော်ပြခဲ့သည်။
ယင်းပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် နာရီပိုင်း အတွင်းမှာပင် ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်နှင့် အနီးဆုံး ဖြစ်သော ရပ်ကွက်ကြီး (၃)၊ အကွက် အမှတ် (၄)၊ ထောက်ပို့ ပန်းခြံအနီးရှိ နေအိမ်တွင် ဗုံးပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ရာ အဆိုပါနေအိမ် မီးလောင် ဆုံးရှုံးခဲ့သည်။
နေလင်း
Ref; Myawady News
Pages
MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Thursday, July 25, 2013
မြို့ သုံးမြို့တွင် ဗုံးခွဲသည့် တရားခံ ငါးဦး ပြစ်ဒဏ်ချ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment