MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, July 25, 2013

ဇွဲကပင်တောင်တွင် ပထမဆုံး ကောင်းကင်ရထား တည်ဆောက်ရန် စတင်လုပ်ဆောင်

ရန်ကုန်၊ ဇူလိုင် ၂၄

ကရင်ပြည်နယ်၏ ကျက်သရေဆောင် ဇွဲကပင်တောင်တွင် မြန်မာနိုင်ငံတွင်း ပထမဆုံး ကောင်းကင်ရထား (Cable Car) သွားလာနိုင်ရေး တည်ဆောက်သွားရန် မလေးရှားနိုင်ငံအခြေစိုက် တရုတ်ကုမ္ပဏီတစ်ခုနှင့် ညှိနှိုင်းပြီး ဖြစ်ကြောင်း ကရင်ပြည်နယ် ဇွဲကပင် ဆရာတော်ဓမ္မကထိက ဗဟုဇနဟိတဓရ အရှင်ကဝိဓဇက The Voice သို့ မိန့်ကြားသည်။ ဇွဲကပင်တောင်တော်သည် ဘုရားဖူးများ တက်ရောက်ရန် အလွန်ခက်ခဲသောကြောင့် ဇွဲကပင်တောင်ခြေ လုမ္ဗိနီဥယျာဉ်မှ ပေ ၂၇၀၀ ကျော် မြင့်မားသော တောင်ထိပ်သို့ အလွယ်တကူ တက်ရောက်နိုင်ရန် ကောင်းကင်ရထားနှစ်စင်းကို တပ်ဆင်နိုင်ရန် ယခုသြဂုတ်လဆန်းတွင် စမ်းသပ်သွားမည် ဖြစ်ကြောင်း ဆရာတော်က ဆက်လက်မိန့်ဆိုသည်။

ယင်းကောင်းကင်ရထား တပ်ဆင်နိုင်ရန် ဒေါ်လာ ၂၁ သန်းခန့် ကုန်ကျနိုင်ကြောင်း ခန့်မှန်းထားပြီး ကုန်ကျစရိတ်များကို အလှူခံသွားမည် ဖြစ်ကာ ဇွဲကပင် ကောင်းကင်ရထားကား စီမံကိန်းကို ပီနန်ဆရာတော်ဘုရားကြီး အဂ္ဂမဟာပဏ္ဍိတ အရှင်ပညာဝံသ၊ ဇွဲကပင်ဆရာတော် ဓမ္မကထိက ဗဟုဇန ဟိတဓရ အရှင်ကဝိဓဇနှင့် သုံးထပ်ကျောင်း ဆရာတော်မဟာသဒ္ဓမ္မ ဇောတိကဓဇ အရှင်ပညိန္ဒတို့က တပ်ဆင်နိုင်ရန် ဦးဆောင်သွားမည် ဖြစ်ကြောင်း ဆရာတော်အရှင်ကဝိဓဇက မိန့်ကြားသည်။

ဇွဲကပင်တောင်သည် ကရင်ပြည်နယ်၏ အထိမ်းအမှတ် တစ်ခုဖြစ်ကာ ဗုဒ္ဓဆံတော်ရှိသည်ဟု ယုံကြည်သောကြောင့် ဗုဒ္ဓဘာသာဝင်များ၊ ကရင်လူမျိုးများက ယခုစီမံကီန်းတွင် အလှူငွေထည့်ဝင်သွား မည်ဟု ထင်မြင်ကြောင်း ဘားအံမြို့တွင်နေသူ ကရင်အမျိုးသား တစ်ဦးက ပြောကြားသည်။

“အထူးသဖြင့် ကရင်လူမျိုးအများစုက လှူဒါန်းကြလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

ဇွဲကပင် ကောင်းကင်ရထား စီမံကိန်းအတွက် ဇူလိုင် ၂၅ ရက်တွင် အထက်ပါ ကုမ္ပဏီနှင့် တာမွေမြို့နယ်ရှိ မဟာသန္တိသုခ ကျောင်းတွင် သဘောတူညီမှုလက်မှတ် ရေးထိုးသွားမည်ဖြစ်ပြီး ကုမ္ပဏီကို ကုန်ကျငွေအား အရစ်ကျ ပေးချေသွားရမည် ဖြစ်ကြောင်း ကရင်ပြည်နယ် ဇွဲကပင်ဆရာတော် အရှင်ကဝိဓဇက မိန့်ဆိုသည်။

ကောင်းဆက်နိုင်

The Voice Weekly

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။