MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, July 25, 2013

ကားသွင်းရန် ပုံစံအဆင့်များ ။ ( မသိရှိသေးသောသူများအတွက် မမှားသင့် မကုန်သင့်သည်များ မဖြစ်စေရန်အတွက် )

ကားတင်သွင်းခြင်းဆိုင်ရာ

ပထမဆုံးကားသွင်းတော့ မယ်လို့ စဉ်းစားတော့မယ်ဆိုရင်
( 2007 -2008 အထက်ကားများ အတွက် )
နိုင်ငံခြား ဘဏ်အကောင့်ဖွင့်ရပါမယ် .
၁။ 18 နှစ်ပြည့် နိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်ထားသူ (ဧည့်ပြုမရပါ )
၂။ သန်းခေါင်စာရင်း ( ယာယီ သန်းခေါင်စရင်မရပါ )
ဒါလေးတွ ရှိလာပြီဆိုရင် .. နိုင်ငံပိုင် MICB , MFTB , တွေ ဒေါ်လာ 100 နဲ့ အကောင့် နိုင်ငံခြားငွေ အကောင့် သွားဖွင့်ရပါမယ် ဘဏ်အကောင့်ဖွင့်ရင်လူကိုယ်တိုင်လိုက်ရမှာဖြစ်ပါတယ် .သွင်းမယ့်လူနာမည်ပေါက်ရဖို့ အတွက်ဒီ အဆင့်ကနေ စပါတယ် ..မလုပ်တတ်လို့ ပွဲစားအပ်မယ်ဆိုရင် 2 သောင်းကနေ 5 သောင်း လောက် ကျမယ် . ဘဏ်စာအုပ်လက်ထဲ ရောက်တဲ့ အထိဆို 3 ရက်ကနေ တပတ်ကြာမယ် တကယ်လို့ ကိုယ်တိုင်မဖွင့်နိင်ဘူး .စာအုပ်ဌားမယ်ဆိုရင် 1 သိန်း ကနေ 2 သိန်း ထိပေါက်ပါတယ် . ဂရုစိုက်စေချင်တာလေးကတော့ ဘဏ်စာအုပ်မှာပါတဲ့ .နာမည် လိပ်စာ မှတ်ပုံတင်အမှတ်တွေ မှားလို့ မရပါဘူး သန်းခေါင်းစာရင်း မှတ်ပုံတင်အတိုင်းဖြစ်ရမှာပါ ။
အခုဆိုရင်တော်တော်များများက မြန်တယ်လို့ပြောတဲ့ ပုဂ္ဂလိက ပိုင် CB , KBZ , AWB မှာဖွင့်ကြပါတယ်
ကိုယ့်နာမည်လေး ဘဏ်စာအုပ်လက်ထဲရောက်ပြီဆိုပါတော
( 1996 – 2007 ) အတွက် Taxi အပ်မည့်သူများ ကားဟောင်းအပ်မည့်သူများ စလစ် ကိုင်ထားသူများ
ကိုယ်အိမ်ကကားဟောင်းလေး ကို သွားအပ်မယ်ဆိုရင် . စလစ်လက်ထဲရောက်ထဲအထိ ကညန ပွဲစားတွေ က 1 သိန်း ခွဲ နဲ့လက်ခံပါတယ် ..ကိုယ်က သူများကားဟောင်းကိုဝယ်မယ် ကိုယ့်နာမည်နဲ့ အမည်ဖောက်မယ် .CNG အိုးလဲ အမည်ဖောက်မယ်ဆိုရင်တော့ စလစ်လက်ထဲအရောက် သံရည်ကြိုပါ .. 5 သိန်း - 6 သိန်းကြား လောက်ကုန်ပါမယ် ..ပုံမှန်အားဖြင့် 1 ရက်ကနေ 1 ပတ်ကြာတတ်ပါတယ် .ရဲမူရှိမရှိ အခွန်ကြေမကြေ စတာတွေ ကို စစ်ပါတယ် ကြေမှ စလစ် ထွက်ပါတယ် ..
ကိုယ်နာမည်လေး နဲ့ စလစ် ရပြီဆိုပါတော့

ကားသွင်းရင် အဲဒီကားအတွက် ကညန ။ ကာစတန် ခွန် ဘယ်လောက်ကြမလဲ .ဆိုတာသိရပါမယ်
ကိုယ့်ဝယ်မယ့်ကား က နိုင်ငံခြားကမှာရင် 3000 /4000 /5000 စသဖြင့် ရှိပေမယ့် အဲဒီဈေး ကို အတည်မယူပါဘူး . ကားတစီး ကို ဘယ်ကားက အခွန် ဘယ်လောက်ဆောင်ရမယ်ဆိုတာကို ကုန်သွယ်ရေးက CIF ဆိုပြီး ဈေးတွေ ကို သတ်မှတ်ထားပါတယ် . CIF ဈေးတွေအလိုက် ကိုယ်သွင်းမယ့် ကားပေါ်မှာမူတည်ပြီး အခွန်ဆောင်ရပါမယ်

၂၀၀၇ မော်ဒယ်နှင့်အထက် မော်တော်ယာဉ် ဈေးနှုန်းများ
http://www.commerce.gov.mm/index.php?option=com_content&view=category&layout=blog&id=74&Itemid=385&lang=my
1350 CC အောက်ယာဉ်များအား မည်သည့်ယာဉ်အုပ်စုမဆို Model Year 2007 မှ 2011 အထိ တန်ဘိုး USD 5000 ဖြင့် လျှောက်ထား နိုင်ပြီး 2012 Model Year ဖြင့် လျှောက်ထားမည်ထားမည်ဆိုပါက လက်ရှိပေါက်ဈေးအတိုင်းလျှောက်ထားရပါမယ်1350 CC အောက်ကားတွေ ဖြစ်တဲ့ Honda Fit , Probox 1.3 , Passo , Nissan March , Toyota Vitz , Belta , AD Van , စတဲ့ကားတွေ ကို ပြောတာပါ ။
၁၉၉၆ မှ ၂၀၀၆ မော်ဒယ်ထိ မော်တော်ယာဉ် ဈေးနှုန်းများ
http://www.commerce.gov.mm/index.php?option=com_content&view=category&layout=blog&id=76&Itemid=384&lang=my
တကယ်လို့များမိမိ သွင်းချင်တဲ့ကားက .. 1350 CC အောက်ကားလဲမဟုတ်ဘူး .ဈေးနူန်း List ထဲမှာလဲမပါဘူးဆိုရင်တော့ နေပြည်တော် ကုန်သွယ်ရေး ကို ဈေးမေးရပါမယ် .သူတို့က ဈေးနူန်းအစည်းအဝေးတင်ပီး ဆုံဖြတ်လို့ကျလာတဲ့ ဈေးနဲ့လျှောက်ရပါမယ်
ကိုယ့်သွင်းမယ့်ကားဟာ . Brand အသစ်မဟုတ်ပဲ Toyota , Honda စတဲ့ ဟာတွေများဖြစ်ခဲ့မယ်ဆိုရင် သတ်မှတ်ထားတဲ့ဈေးနူန်း List မှာ ကိုယ် သွင်းမယ့်ကား က Saloon လား Van လား Wagon လားဆိုတာကြည့်ပါ . Toyota XXXXX Saloon ဆိုပါတော့ List ထဲမှာ Sub –Brand မရေးထားတဲ့ အကွက် ဈေး ကို ယူရမှာဖြစ်ပါတယ် Wagon ဆိုလဲ Wagon ထဲမှာပါတဲ့ Sub –Brand မရေးထားတဲ့ ဈေးပေါ့ .

အခွန်ဈေးတွေ ဘယ်လို သတ်မှတ်လဲ
မော်တော်ယာဉ်အခွန် စည်းကြပ်မှုဆိုင်ရာ နှုန်းထားများ ( ကာစတန်အခွန် )
အသေးစိတ် ကိုဒီမှာကြည့်ပါ http://www.commerce.gov.mm/index.php?option=com_content&view=article&id=1164%3A2012-07-17-03-51-27&catid=78%3A2012-07-17-03-33-50&Itemid=391&lang=my
ကာစတန်မှာပေးဆောင်ရမယ့် အခွန်တွေပါ အသွင်းများတဲ့ဈေးတွေတော့ ရေးထားပေးပါ့မယ်
၁ Motor-homes Saloon, Wagon,Hatchback, Van, Double Cab.(engine displacement 2000 cc အထိ) ကို CD 30% CT 25%
၂Motor-homes Saloon, Wagon,Hatchback, Van, Double Cab.(engine displacement 2000 cc အထက်) ကို CD 40% CT 25%
၃Pick up, Truck, Box Truck,Heavy Truck, Dump Truck,etc:Motor Vehicles for the Transport of goods တွေကိုတော့ CD ၃% CT ၅%
အမှတ်စဉ် (၁ နှင့် ၂) ပါ engine displacement 2000 CC အထက်နှင့် 2000 CC အောက် မော်တော်ယာဉ်များအား အဌားယာဉ်

(Taxi) အဖြစ်တင်သွင်းမည်ဆိုပါက CD 3% နှင့် CT 25% ပေးဆောင်ရပါမည်။
ဒီအခွန်ဇယားအရဆိုရင် Truck အခွန်ဈေး သက်သာပါတယ် 3%5% ကြောင့်ပါ အပ်ကားစလစ် Taxi ဆိုရင်လဲ ဈေး သက်သာပါတယ် အင်ဂျင်ပါကန့်သတ်ထားခြင်းမရှိပဲ CD 3% နှင့် CT 25% ဖြစ်လို့ဈေးသက်သာပါတယ် .တော်တော်များများကတော့ 2000 အောက် တွေ ပဲ သွင်းကြပါတယ် 30%25% ပဲ ဆောင်ရလို့ပါ CIF 5000 ကို 30%25% ဆိုရင် 27 သိန်းဝန်းကျင်သာအခွန်ဆောင်ရပါမယ် 2000 CC အထက် ဆိုရင်တော့ CIF ဈေး 5000 ကို 40%25% ဆိုရင် 33 သိန်း ၀န်ကျင် ပေါ့ Taxi ကားတွေဆိုရင် 3%25% ဆိုရင် 13 သိန်း ကျော် သာ ကျမှာဖြစ်ပါတယ် .အကြမ်းတွက်ထားတာပါ ဘာလို့ 5000 နဲ့ တွက်တာလဲ မမေးပါနဲ့. တော်တော်များများက 5000 တန်ပဲ သွင်းပါတယ် ။အခြား သိချင်တဲ့ အခွန်တွေ ရှိရင်တော့ ( CIF ဈေး + အင်ဂျင်ပါဝါ + ကာစတန်ငွေပေါက်ဈေး ) ဒီ 3 ခု သိရင် မေးလို့ရပါတယ်

ကညန ဆောင်ရမယ် အခွန်ကလဲ ဒီ ကုန်သွယ်ရေးသတ်မှတ် တဲ့ CIF ဈေးပေါ်မှာပဲ မူတည်ပြီး ကောက်ပါတယ် ပုံမှန်ဆောင်ရမယ့် အခွန်တွေကတော့
မော်တော်ယာဉ်အမျိုးအစားအလိုက် ကနဦးမှတ်ပုံတင်ခနှုန်းထားများ
စဉ် ယာဉ်အမျိုးအစား အချက်အလက်များ ကနဦးမှတ်ပုံတင်ခ

၁ ကုန်တင်ယာဉ်များ (Light Truck, Truck, Dumper, Tanker, Refrigerated Van, Box Truck, Crane Truck, Logging Truck, Container Carrier Truck, Tractor Head) ၅%

၂ ခရီးသည်တင်ယာဉ် (ဘတ်စ်) ၊(ယာဉ်မောင်းအပါအ၀င် ၁၅ ဦးနှင့် အထက်) ၅%
၃ လူစီးယာဉ် (Saloon, Jeep, Station Wagon, Pick-Up, Micro Bus, Van, MPV, SUV)
(၁၃၅၀ CC နှင့်အောက်) ၅၀%
(၁၃၅၁ CC မှ ၂၀၀၀ CC ထိ) ၈၀%
(၂၀၀၁ CC မှ ၅၀၀၀ CC ထိ) ၁၀၀%
(၅၀၀၁ CC နှင့်အထက်) ၁၂၀%
ဒီအခွန်နုန်းထားအရ . 1350 CC 50 % အောက်ကားတွေ ဆို CIF 5000 နဲက တွက် ရင် ဆောင်ရမယ် အခွန်က FEC 2084 ကျသင့်ပါတယ် .. 17 သိန်းကျော်ပေါ့ အခြား 1350-2000 80% ကျတော့ FEC 3334 ကျပါတယ်28 သိန်းကျော်လောက် ကျမှာဖြစ်ပါတယ်
ကိုယ်က အပ်ကား စလစ် ကားတွေ နဲ့ ကပ်ထားမယ်ဆိုရင်တော့ ကညနက အခွန်လျှော့ပါတယ်
၁ "ပ" အက္ခရာအထိ အပ်နှံရန်ကျန်ယာဉ်များ ၄၀% ဆိုရင်ဆောင် ရမှာက 60 %
၂ "ဗ" အက္ခရာမှ အနှစ် ၂၀ ကျော် အပ်နှံရန်ကျန်ယာဉ်များ ၆၀% ဆိုရင်ဆောင် ရမှာက 40 %
၃ စီမံချက်တွင်မပါသော အက္ခရာ Taxi ယာဉ်အဖြစ်အသုံးပြုရန် ၈၀% ဆိုရင်ဆောင် ရမှာက 20 %
၎ ကုမ္မဏီများမှ တင်သွင်းယာဉ်များ (အငှားယာဉ်) ၅၀% ဆိုရင်ဆောင် ရမှာက 50 %
၅ အစိုးရနှင့် ပုဂ္ဂလိကအကျိုးတူတင်သွင်းယာဉ် (အငှားယာဉ်) ၅၀% ဆိုရင်ဆောင် ရမှာက 50 %
၆ အစိုးရနှင့် ပုဂ္ဂလိကအကျိုးတူတင်သွင်း (အငှားယာဉ်မဟုတ်) ၃၀%ဆိုရင်ဆောင် ရမှာက 70 %
၇ လေလံမှတ်ပုံတင်ယာဉ်အပ်နှံ၍အစားထိုးတင်သွင်းယာဉ် ၆၀% ဆိုရင်ဆောင် ရမှာက 40 %
Taxi ဆိုရင်တော့ အခွန်နူန်း 20% သာဆောင်ရမှာဖြစ်လို့ CIF ဈေး 5000 ကို FEC 834 သာ သွင်းရမှာဖြစ်လို့ 7 သိန်းကျော် သာကျမှာဖြစ်ပါတယ်
ဗ တွေ ဆိုရင်တော့ ၄၀ % သာဆောင်ရမှာဖြစ်လို့ FEC 1667 သွင်းရပြီး 14 သိန်းကျော် သာကျပါမယ်
CIF ဈေး 5000 တန် ကားကို 1350 CC ကား ကို ကညနခွန် 17 သိန်း ကာစတန်ခွန် 27 သိန်း ကျမှာဖြစ်ပြီး အခွန်စုစုပေါင်း 45 သိန်း ကျပါမယ်
CIF 5000 ကား Taxi ကို အပ်ပီး သွင်းမယ်ဆိုရင် 2000 CC အောက် ကာစတန် 13 သိန်း ကညန 7 သိန်း ပေါင်း အခွန် သိန်း 20 ကျော်ကျပါမယ်
CIF 5000 ကား ပ အက္ခရာ ကို အပ်ပီး သွင်းမယ်ဆိုရင် 2000 CC အောက် ကာစတန် 27 သိန်း ကညန 14 သိန်း ပေါင်း 41 သိန်း ကျော်အခွန်ကျပါမယ်
Truck 2002 ကစပြီးပါစင်နယ် နဲပေး သွင်းပါတယ် အခွန်နူန်းထားက ကာစတန် 3 % 5 % ဖြစ်ပီး က ညနက တော့ 5 % ဖြစ်ပါတယ် 2002 ဆိုရင် CIF ဈေး 7500 ဖြစ်လို့ ကညန + ကာစတန် အခွန်ပေါင်း 9 သိန်းကျော် ပဲ ကျပါတယ်

ဘဏ်စာအုပ်လဲ လက်ထဲရှိပြီ . အကောင့်လဲ ဖွင့်ပြီဆိုရင်တော့ လိုင်စင်စလျှောက်ပါမယ်
လျှောက်ရမယ့်နေရာတွေက နေပြည်တော် ( ကုန်သွယ်ရေး ) ၊ ရန်ကုန် ကမ်းနားလမ်း ( ကုန်သွယ်ရေးရုံးဟောင်း ) တွေမှာလျှောက်လို့ ရပါတယ်
2007 အထက် လူနာမည်နဲ့ သွင်း ရမယ့် သူများဟာ. ဘဏ်ထဲမှာ မိမိ သွင်းမယ့် ကားတန်းဖိုး အလိုက် CIF သတ်မှတ်ဈေးကို ငွေ ထည့်ရပါမယ် .5000 ဆိုပါတော့ ဘဏ်အကောင့်ထဲမှာ 5000 ရှိနေပြီ .ဆိုရင်ဘဏ်စာအုပ် ၊ မှတ်ပုံတင်မူရင်း ၊ သန်ခေါင်းစာရင်းမူရင်း လိုပါတယ် လိုင်စင်လျှောက်မယ့် လူကို အပ်လိုက်ပါ . လိုင်စင်လျှောက်ခ တရားဝင်ငွေ သွင်းရပါတယ် လိုင်စင်ကြေးဆိုပါတော့ .. အပြီင်္းစီး အပ်မယ် လိုင်စင် အထွက်ဆိုရင် 1 သိန်း လောက် ပေါက်ပါတယ် ။
1996 အပ်ကား စလစ်ကပ်ပီး သွင်းမယ့် သူကတော့ TT လုပ်ဖို့လို့၇ာနဲ့ Earning အတွက် Compnay ဌားရပါမယ် . Compnay က သွင်းမယ့်လူကိုယ်စား ငွေ ချေပေးတာပေါ့ဗျာ . ဒီအတွက်ကတော့
ကားစလစ်ရယ် ၊ မှတ်ပုံတင်မူရင်း ၊ သန်ခေါင်းစာရင်းမူရင်း အပြင် မိမိကိုယ်စား TT ငွေချေရန် Compnay Latter Hard နဲ့ Compnay ကဘဏ်စာအုပ် ကော်ပီတွေ Compnay ထသက တွဲတွေ လိုပါတယ် ..ဒီအဆင့်ကတော့ အပြီးအစီး TT ငွေလွတ် အထိဆို 3 သိန်း ၀န်းကျင်လောက် တောင်းပါတယ် .အပြီးအစီးများ သာလက်ခံပါတယ် .
လိုင်စင်လျှောက်တဲ့ အချိန်ကတော့ 2 ရက် ကနေ 3 ရက်လောက် ကြာပါတယ် နေပြည်တော်မှာဆို 1 ရက်နဲ့ ရပီး ရန်ကုန်မှာတော့ 3 ရက်ကြာပါတယ်

TT တွေ LC တွေ အကြောင်းကတော့ မပြောတော့ ပါဘူး နည်းနည်းရူပ်လို့ Trading Company တခု နဲ့သာ ဆွေးနွေးပေးပါ ..သေချာတာကတော့ Personal နဲ့ သွင်းရင် Shipper ဌားရပါမယ် .ဘာလို့ Shipper ဌားရမလဲဆိုရင် TT လုပ် နိုင်ငံ ဖို့ နဲ့ ငွေပြန်ထုတ်နိုင်ဖို့ ပါ ကိုယ်တိုင် 5000 မသွင်းထားနိုင်ရင် စိုက် ပေးခ 7 သိန်း လောက်ပေါက်ပါတယ် ။ ငွေစိုက်နိုင်ရင်တောင် Shipper ဌားရမှာကြောင့် 1 သိန်း 2 သိန်းလောက်တော့ ထပ်ကျပါမယ် ။ 5000 ကျော်ရင်တော့ 7 သိန်း နဲ့ ရမရ ညိရမှာပါ ။
လိုင်စင်လဲ ရပီဆိုရင် ကား ၀ယ်လိုက်ပါပီ ၀ယ်ယူပုံ အဆင့်ဆင့်

အဆင့် ( ၁ )
မိမိဝယ်ယူမည့်ကားအား ဂျပန်ကားလေလံ ကပဲ ၀ယ်ဝယ် ဒီတိုင်း ဒဲ့ရောင်းတဲ့ ဆီကပဲ ၀ယ်ဝယ်
လေလံဆိုရင် တော့ဈေးသက်သာတာ ရနိုင်ပါတယ်

ဥပမာ ( www.tradecarview.com) ရှာလို့ မိမိစိတ်ကြိုက်တွေ့  ပြီဆိုလျှင် ရန်ကုန်အရောက် ဈေး CIF ကို Trade Carview မှတဆင့် ဂျပန် Auto ကား Company များ သို့ ဈေးမေးပါ .. Trade Carview မှာ ဥပမာ Honda Fit 2007 ကို US – 6500 ဆိုပါဆို့ လည်းကောင်းဈေးဟာ CIF ဈေးမဟုတ်ပါ .. ကားတန်ဖိုးသာ ဖြစ်ပါတယ် (.အကောင့် ၀င်ပီးသားဆိုရင်လျှင် အနီရောင်ဖြင့် ရန်ကုန် အရောက်ဈေး CIF ကို ပြထားလေ့ ရှိပါတယ် ) ပုံမှန်အားဖြင့်Trade carview သည် ရောင်းသူနှင့် ကာစတန်မာ ကြား ချိတ်ဆက်ပေးထားသော ၀န်ဆောင်မူတခုသာ ဖြစ်ပါတယ် ..ကားတန်ဖိုး 6500 ဆိုလျှင် ရန်ကုန် အရောက်ဈေး အရ US 1500 ထည့်ပေါင်း ရပါမယ် .. ( ယေဘူယဈေးပါ သေချာပေါက် ၀ယ်လိုလျှင်တော့ ဈေး နူန်း CIF ရောက် ဈေး ကိုမေးရပါမယ် ) 1500 ထဲတွင် Trade carviewအတွက် us 150 ပါပြီး ဖြစ်ပါတယ် ။ အားလုံးပေါင်း ရန်ကုန် အရောက် 1500 ဖြင့်တွက်ထားလျှင် 8000 ကျပါမယ် ။။
မိမိကားတစ်စီးကို စိတ်ကြိုက် ၀ယ် ယူတော့မည်ဆိုလျှင် သိထားသင့်တာလေးတွေ ပြောပြပါ့မယ်
မိမိဝယ်ယူမည့် ကား Company အားလေ့လာပါ ပုံမှန်အားဖြင့် ရရှိထားသော + - လေး များ Star များကိုလေ့လာ .. အလုပ်မလုပ်ဘူးသော Company များသည် ရရှထားသော Star နည်းပါလိမ့်မယ်
ကားကြည့်လျှင် . .. အနာအစာရှိလား ၊ အင်ဂျင်ပါဝါ ၊ ကား Great ၊ Model year ၊ 4 wheel ( or ) 2 wheel ၊ ကား Chassis no ( ရရင်ရသေလာက်မေးပါ ) အကယ်၍ Chassis no ရလျှင် www.jpcenter .com မှ Month of year တွင် နံပါတ် ရိုက် ပြီး ၀ဘ်ဆိုက် တွင်ေ ဖ်ာပြထားချက်နှင့် ကိုက်မကိုက် .တိုက်စစ်နိုင်ပါတယ်။ တခါတရံ ကား အချက်လက်များ ဖော်ပြရာမှာ 4 wheel ( or ) 2 wheel လားဆိုတာ မပြောထားတာမျိုးတွေ ရှိပါတယ် အင်ဂျင်ပါဝါ ကိုကြည့်ခိုင်း ရတာကတော့ .. မိမိ အကယ်၍ သွင်းမယ် ဆိုရင် ဈေးတွက်လို့ ရအောင်ပါ ကား Great ကိုမေးခိုင်းရတာကတော့ ကားသန့်လားမသန့်လားသိအောင်ပါ ဥပမာ 4B ဆိုလျှင်တော့ ကားသန့် ဖြစ်ပါတယ် 4B/A ဆိုရင်တော့ အပြင်ပိုင်းက B အဆင့်ရှိပြီး အတွင်းပိုင်းက A ဖြစ်ပြီး အသစ်တိုင်း ကောင်းတယ်လို့ဆိုပါတယ် ..
ဈေးမေးတာ .. ကိုသိချင်တာမှန်သမျှwww.tradecarview.com မှ Massage Box မှ သာမေးမြန်း ကြပါတယ် ။ ကိုနေစေး ( naysay.mr@gmail.com )

အဆင့် ( ၂ )
Japan Company မှ မိမိ မှဈေး နူန်း စုံစမ်းပြီး လျှင် .. ယူမည်ဆိုပါက Massage Box မှတဆင့် Invoice ပို့ခိုင်းလိုက်ပါ . လည်းကောင်း Invoice တွင် ငွေ လွဲရမည့် ဘဏ်အကောင့် နံပါတ် တပါးတည်းပါလိမ့်မည်။ လည်းကောင်း နံပါတ်တိုင်း နီးစပ် ရာ Transfer မှတဆင့်ငွေ လွဲ ပေးလိုက်ပါ .. ( မိမိစိတ်ကြိုက် သေချာ ပြီ ဖြစ်မှသာ .. ယုံကြည်ရမှသာ ) လည်းကောင်း ငွေ လွဲ အကောင့် သည် ပုံမှန်အား ဖြင့် Trade carview မှအကောင့် ဖြစ်ပါတယ် .လည်းကောင်း က ကြားထဲမှ နေပြီး စိတ်ချရအောင် ပြုလုပ်ပေးတာ ဖြစ်ပါတယ် .ငွေ လွဲ လျှင် Invoice ပါအတိုင်း တလုံးမကျန် မလွဲ ဖို့လိုအပ်ပါတယ် ။ ( ဒီအဆင့်ဟာ အရေးကြီး တဲ့ အတွက် လုပ်နေကျ သူမှ သာ ပြုလုပ်နိုင်ပါမယ် ) ။ … နိုင်ငံခြား နှင့် အလုပ်လုပ် ရတာ ဖြစ်ပြီး ပစ္စည်းမရောက် ခင်ငွေ ချေရတာ ဖြစ်တဲ့ အတွက် မိတ်ဆွေ ဖက်က စွန့်စားရမှာပါ . ( ပုံမှန်အား ဖြစ့် လူတိုင်း ဒီလိုလုပ်ကြပါတယ် ) တခုခု လွဲ တာ ရှိရင် ကြားခံ ဖြစ်တဲ့Trade car view ကိုတိုင်နိုင်ပါတယ် ..လည်း ကောင်းသည် ဂျပန်မှ ကားကုမ္ပဏီများ အပေါ် သြဇာ သက်ရောက်မူ ရှိပါတယ် ။ ဒါကြောင့် သာ 150 ပေးရတာပါ မိတ်ဆွေမှ မယုံကြည်လျှင် အာမခံငွေ ဒေါ်လာ 100 ထပ်ပေး ပြီး အာမခံနိုင်ပါတယ် . ကားလွဲတာ ဖြစ်ဖြစ် ငွေ ကြေးအရ ဖြစ်ဖြစ် လိမ်ရောင်းလို့မရအောင်ပါ ။

အဆင့် ( ၃ )
ငွေ လွဲ ပီးပြီဆိုရင်တော့ BL အကြမ်း ပို့ပေးလိုက်ပါ .. လည်းကောင်း BL နေရာ သည်အရူပ်ဆုံး အပိုင်း ဖြစ်ပြီး တိုင်ပတ်တဲ့ နေရာ ဖြစ်ပါတယ် ..BL အကြမ်း မပို့ ခင် မိမိ ဘက်မှ နေပြည်တော် ကုန်သွယ်ရေး ကားလိုင်စင်လျှောက် ပီး ဖြစ်ရပါမယ် ..လည်းကောင်း လိုင်စင်လျှောက် ရန်အတွက် ဒေတာများကတော့ မိမိ ကြည့် ထားသည့်အတိုင်း ဖြစ်ပါတယ်
RECONDITIONED
HATCH BACK
BRAND NAME : HINDA FIT
MODEL YEAR : 2007
ENGINE POWER : 1300 CC

ပါစင်နယ် နိုင်ငံခြားငွေ အကောင့် နှင့် အတူ လည်းကောင်း အကောင့် တွင်း သို့ အစိုးရ သတ်မှတ် CIF ဈေး ဥပမာ HONDA FIT 2007 ENGINE POWER : 1300 CC ဆိုလျှင် USD-5000 ထည့်ပြီး ဖြစ်ရပါမယ် ။( လည်းကောင်း ငွေ သည် ကိစ္စ အလုံးစုံ ပြီးပါက ပြန် ထုတ်နိုင်သည် ) လည်းကောင်းလိုင် စင်တွင် ပါသော Impoter Name , Consignor Name & address တို့ နှင့်Description of goods တို့ သည် လိုင် စင်အတိုင်း BL အကြမ်း ပို့ရမှာ ဖြစ်ပါတယ် .. မှားတာ နှင့် ပြသနာရှိနိုင်ပါတယ် .. ( PM : အမြဲ မှားနေကျပါ .. Japan မှတာဝန်ယူမူ ကင်းမဲ့ပါတယ် ခဏခဏ ကြန့်ကြာရပါတယ် ) .မှားလျှင် ချက် ခြင်းပြောပါ .. စာလေး တလုံး အသေးအကြီးက အစ တူရပါမယ် ။ လည်းကောင်း BL ကို အကြမ်းပြန်ပို့ခိုင်းပါ .. ဒီ ဘက်မှာ ပြန်စစ်ပါ .. မှားလျှင် ချက်ခြင်း အသေးစိတ်ပြန်ပြောပါ ..အားလုံး မှန်ပြီဆိုလျှင် ..သူက DHL နှင့်ပို့ပါလိမ့်မယ် ..ဒီအဆင့်ရောက်လျှင်တော့ စိတ်ချရပါပြီ သင်္ဘော ဘယ်နေ့ ဂျပန်က ထွက်မလဲ မေးပါ ပုံမှန် မောင်းလျှင် ရန်ကုန် သို့ 1 ပတ်ကြာပါတယ်.. ကပ်လို့ မရရင်တော့ 2 ပိတ်ကြာပါတယ် ..
( အပ်ကားဆိုရင် ကားအပ်စလစ် ဟာ Company အကောင့်နဲ့ သာ အလုပ်လုပ်ပါတယ် ..အပ်ကားစလစ်နဲ့ ပတ်သတ်ပြီးနောက်ပိုင်း ပြောပေးသွားပါမယ် )

အဆင့် ( ၄ )
ရန်ကုန် သို့ ကားရောက်ပါပြီ
DHL မှတဆင့်မိမိထံသို့ invoice 1 sheet , Export Certificate ( ကန်ဆယ်လေးရှင်း ) 1 sheet , BL ( first cover , second , third Original ) 3 sheet ရောက်ရှိနေပါမယ် ။ လည်းကောင်း အဆင့်များအားလုံးပီးရန် အချိန် 1 လ သို့မဟုတ် 1 လခွဲ ကြာပါတယ် .. ကျွန်တော် ဆိုရင်တော့ အဲ ဒီလောက်အချိန်မယူပါ .ဂျပန် ဘက်က ကြတာ ဖြစ်ပါတယ် )
Agent အပ်ပါမယ် ..ကားထုတ်ရန် အတွက် ကာစတန် ဖိုင် အပြီး ရယ် ဆိပ်ကမ်း က ကားထုတ်ဖို့ရန် အတွက် ဖြစ်ပါတယ် ..လိုအပ် တဲ့ စာရွက်စာတမ်းတွေကတော့
၁။ လိုင်စင် ( ကုန်သွယ်ရေး သွင်းကုန်လိုင်စင်)
၂။ BL 3ရွက် (
၃။ Special Power ( agent မှလုပ်ပေးပါမယ် )
၎။ Export Certificate ( ကန်ဆယ်လေးရှင်း )
၅။သန်းခေါင်စာရင်း (သွင်းကုန်လိုင်စင် အတိုင်း )
၆။မှတ်ပုံတင် မူရင်း (သွင်းကုန်လိုင်စင် အတိုင်း )
လည်းကောင်း စာရွက်များ ကို Agent ကိုပေးလိုက်ပါ ..ဒါဆိုရင်တော့ အမှားမရှိရင် အချိန် 3 ရက်ပဲ ကြာမှ ဖြစ်ပြီး မှားရင်တော့ မှားသလို့ ပိုက်ဆံထပ်ပိုပေးရသလို အချိန်လဲ ကြာနိုင်ပါတယ် ။။

ကိုနေစေး ..( 01373481 )

Facebook Page : https://www.facebook.com/Smilecarimportservices
https://www.facebook.com/naysay.mr

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။