MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, July 25, 2013

၂၅.၇.၂၀၁၃ တွင်ဖြန့်ချိမည့် တန်ဖိုးနည်း GSM နှင့် CDMA သတင်းထုတ်ပြန်ချက်



၁။ ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်နည်းပညာ ၀န်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လစဉ် တန်ဖိုးနည်းမိုဘိုင်းဖုန်း(၃၅၀၀၀၀)စီကို ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏အစီအစဉ်ဖြင့် ၂၀၁၃ ခုနှစ်၊ ဧပြီလမှ စတင်၍ပြည်သူများ အလွယ်တကူ အဆင်ပြေချောမွေ့စွာ ဆက်သွယ်အသုံးပြုနိုင်ရေး အတွက် ခွဲဝေရောင်းချပေးခဲ့ပြီးဖြစ်ပါသည်။

၂။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် CDMA 800 MHZ (MEC Tel) မိုဘိုင်းဖုန်းနှင့် GSM မိုဘိုင်းဖုန်းများကို ၂၀၁၃ခုနှစ် ဇူလိုင်လတွင် ဆက်လက်ရောင်းချပေးသွားရန် စီစဉ်လျှက်ရှိရာ လက်ရှိတပ်ဆင်ပေးထားသော လိုင်းအင်အားနှင့် အမှန်တကယ် သုံးစွဲနေသောအခြေအနေ များအရ ကယားပြည်နယ်နှင့်ချင်းပြည်နယ်တို့တွင် တပ်ဆင်ပြီး GSM ရေဒီယို လက်ကျန်လိုင်းအင်အား နည်းပါးနေပါ၍အဆိုပါဒေသတွင် လိုင်းကျပ်မှုများကြောင့် ဆက်သွယ်မှု အဆင်မပြေမှုများ မဖြစ်ပေါ်စေရန် အတွက် GSM SIM Card အရေအတွက် လျှော့ပေါ့ရောင်းချသွားမည်ဖြစ်ပြီး ၊ ကျန်ပြည်နယ်နှင့်
တိုင်း ဒေသများတွင် မိုဘိုင်းဖုန်းများကို လက်ရှိထပ်မံတပ်ဆင်ပေးနိုင်မည့် လိုင်းအင်အားအခြေအနေအရ အချိုး ကျခွဲဝေပြီး တပ်ဆင်ပေးရန် လျာထားတွက်ချက်ထားပါသည်။

၃။ ၂၀၁၃ခုနှစ်၊ ဇူလိုင်လ(၂၅)ရက်နေ့တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏အစီအစဉ် ဖြင့် တယ်လီဖုန်းခေါ်ဆိုခ ၃၀၀ကျပ် ကြိုတင်သွင်းထားသော CDMA 800 MHZ (MEC Tel) မိုဘိုင်းဖုန်း (၁၅၀၀၀၀)နှင့် GSM မိုဘိုင်းဖုန်း (၂၀၀၀၀၀)၊ စုစုပေါင်း(၃၅၀၀၀၀)ကို SIM Card တစ်ခုအတွက် ၁၅၀၀ ကျပ်နှုန်းဖြင့်ရောင်းချပေးသွားမည်ဖြစ်သည်။

၎။ ပြည်သူများသက်သာသောနှုန်းထားဖြင့် အမှန်တကယ်အသုံးပြုနိုင်ရန်ရည်ရွယ်၍ ရောင်းချခြင်း ဖြစ်ပါ၍ဖုန်းကဒ်ဝယ်ယူထားသည့် နေ့မှစ၍(၁၅)ရက်အတွင်း တယ်လီဖုန်း SIM Card တွင် မူလထည့်သွင်း ပေးထားသည့်တယ်လီဖုန်းခေါ်ဆိုခ ၃၀၀ကျပ်မကုန်မီ တယ်လီဖုန်းသုံးစွဲသူသည် အနည်းဆုံး ၅၀၀၀ကျပ် တန် ကြိုတင်ငွေဖြည့်ကဒ်ဖြင့် ငွေဖြည့်သုံးစွဲရမည်။ SIM Card ကို အခြားသူတစ်ဦးဦးသို့ လက်ဆင့်ကမ်း ရောင်းချခြင်းမှကာကွယ်ရန်အတွက် ၁၅ရက်အတွင်းအသုံးပြုခြင်းမရှိပါက အဆိုပါဖုန်းကဒ်သည် အလို အလျောက်လိုင်းပိတ်သွားမည်ဖြစ်ပါသည်။

၅။ ဤတန်ဖိုးနည်း မိုဘိုင်းတယ်လီဖုန်းများကို လစဉ်ကြိုတင်ငွေဖြည့်ကဒ်ဖြင့် ပြောဆိုခကျပ် ၂၅၀၀ အနည်းဆုံး သုံးစွဲရန် သတ်မှတ်ထားပြီးဖြစ်ပါ၍နှစ်လပြည့်သော်လည်း ကြိုတင်ငွေဖြည့်ကဒ်မှ ၅၀၀၀ကျပ်ကို အပြည့်မသုံးစွဲပါက အလိုအလျောက်ကျပ် ၅၀၀၀ပြည့်သည်အထိ ဖြတ်တောက်သွားမည်ဖြစ်ပြီး ဖြည့်သွင်း ထားသောငွေကုန်ဆုံးပြီးနောက် ၁၅ရက်အတွက် ငွေထပ်မံဖြည့်သွင်းခြင်းမရှိပါက အဆိုပါဖုန်းကဒ်သည် အလိုအလျောက်လိုင်းပိတ်သွားမည်ဖြစ်ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း

Refere ; Myawady News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။