MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, July 27, 2013

Japan Used Car လေလံဆွဲခြင်း။

ဂျပန်ကနေ ကာတစီး ၀ယ်ပြီးသွင်းတော့မယ်ဆိုပါဆို .

လေလံဆွဲခြင်း ...

အရင်ဆုံးလေလံဆွဲပေးတဲ့ Agent တွေနဲ့ချိတ်ဆက်ရပါမယ် ..ဘာကြောင့်လဲဆိုရင် ကိုယ်တိုင်လေလံဆွဲဖို့ဆိုတာ က
Deposit Fees တွေ အကောင့်တွေ ဖွင်ရတာ ရှိတာကြောင့် ကိုက ကားတစီ နဲ့ အလုပ် ရူပ်မခံပါနဲ့ အေးဂျင့်ကို အပ်ပီးလေလံဆွဲခိုင်းပါ ..

လေလံဆွဲပေးတဲ့ Special List တွေ Agent တွေတော်တော်ပေါပါတယ် ..1 သိန်းကနေ 5 သိန်းထိဝန်ဆောင်ခရှိကြပါတယ်
ကောင်းပီ လေလံဆွဲတဲ့ Agent တခုနဲ့ချိတ်လိုက်ပါ ..ကိုလိုချင်တဲ့ကား ကိုစပီးလေလံဆွဲပါ.. ကိုယ်ကလေလံစဆွဲပီဆိုတာနဲ့ .Deposit ပေးရပါမယ် 10 သိန်း 15 သိန်းလောက်ပေါ့ ..လေလံမအောင်ရင် ငွေ ပြန်ထုတ်ပေးပါလိမ့်မယ် .အောင်ရင် အဲဒီ ထဲက 10 သိန်းကိုပါပေါင်းပီးပေးလိုက် ရင် ရပါတယ် Deposit ပေးရတယ်ဆိုတာကတော့ သူ့အကောင့်နဲ့ ၀င်ပီးလေလံဆွဲ အောင်တော့မှ မယူတော့ ဘူးဆို ရင် .ကာဗာ ဖြစ်အောင် ယူကြတာပါ .. Auction သမားနဲ့ စချိတ်ပါပီ .

ရှာလေမူးလေ ကိုက်ရော ကိုက်ပါ့မလား ...



တွေ့ပါလိမ့်မယ် ဈေးအမျိုးမျိုးနဲ့ကားအမျိုးမျိုး ..ဘယ် Great ဘယ်ဈေး နဲ့ ကြမ်းခင်းဈေးတွေ ပြထားပါမယ် ဒီဈေး နဲကတော့မရနိုင်ပါဘူး ကြမ်းခင်းဈေး  Average price ကတော့ ကြည့်လို့ ရပါတယ် ..အဲဒီကားကိုဘယ်ဈေးပေးရင်လေလံအောင်နိုင်မလဲဆို ဆွဲပေးနေကြ လူတွေ
သိကြပါတယ်

970 000¥ ကြမ်းခင်းဈေး  ဖြစ်တယ် ကိုကပေးကြည့်ပေါ့ 1170 000¥ လောက်ပေးကြည့်အောင်ချင်လဲ အောင်မှာပေါ့ တခါတလေဈေးနိမ့်နဲ့ ရတတ်သလို ဈေးအဆမတန် လဲ ဖြစ်တတ်ပါတယ် .ကိုယ်က ကားကြိုက် ရင်တော့ ၀ယ်ပေါ့နော်..ထားပါတော့ဗျာ ယန်း 1170 000¥  လောက်နဲ့ အောင်သွားတယ် ဆိုပါတော့ ..ကိုယ်က ဈေးသက်သာပီး ကားကောင်းလေးရချင်တယ်ဆို ရင် အချိန်တော့ပေးရမှာပေါ့နော် ..

TOYOTA LAND CRUISER PRADO 1997 လေးရပီ အောင်ဈေးက 1170 000¥  ပါ ဒီအရောက်ဈေးလေးတချက်တွက်ကြည့် ရအောင်

ဈေးတွက်မယ် ရန်ကုန် အရောက် ....ဘယ်ဈေးလဲ

ဈေးမတွက်ခင် ဒီဈေးလေးတွေ ကိုလေ့လာပေးပါ ..ကျွန်တော့်မိတ်ဆွေ AMP Co.,ltd က ယူထားတဲ့ဈေးလေးတွေပါ .လေလံဆွဲခ ငွေလွဲခတွေ အပါပီးမှ . 1 သိန်းပဲ ယူထားပါတယ် (တော်တော်လေးတန်တဲ့ဈေးပေါ့ဗျာ ကြော်ငြာတာပါ )
သူမို့ 1 သိန်းနဲ့လုပ်တာ ခေါင်းရူပ်လွန်းလို့


လေလံ Fee ( ဂျပန်ဝန်ဆောင်ခ )

ဒီ List လေးထဲမှာပါတဲ့  1170 000¥ ဆိုတာ လေလံအောင်တဲ့ဈေးပေါ်မှာမူတည်ပီးတွက် ရတာပါ
မြင်ပါလိမ့်မယ် ¥ 1000 ကနေ ¥ 500000 ဆိုရင် လေလံ Fees က ¥ 62000အခုဆွဲထားတဲ့ကားက  1170 000¥ ကျော်နဲ့အောင်ထားတာဆိုတော့ ဒိဈေးနဲ့တော့မရဘူး ဒီ တော့ နံပါတ် 2 နဲ့သွားမယ် လေလံ Fee ( ဂျပန်ဝန်ဆောင်ခ ) ¥69000 ပါ ဈေးဆစ်ဖို့ဆိုရင်တော့ ဒီဝန်ဆောင်ခက ဂျပန်ကယူတာပါ ဒီက ယူတာမဟုတ်ပါဘူး .

သင်္ဘောတင်ခ ( M3 Prices )
သင်္ဘောတင်ခကတော့ အဆင်ပြေသလိုယူကြတာပါပဲ ကိုယ်တင်တဲ့ သင်္ဘောပေါ်မှာမူတည်ပီးဈေးလဲပြောင်းလဲတတ်ပါတယ်
ကားအရွယ်စားပေါ်မှာမူတည်ပီး ဈေးတွက်ရတာပါ .PRADO ကတော့ Under 16 m3 လောက်တော့ ရှိတယ်ဗျ .အသေးစိတ်ကတော့ Auction အောင်ရင် ကား List နဲ့ပါတတ်ပါတယ် 16 m3 ဆိုရင် သင်္ဘောတင်ခက ¥107000 ရှိပါတယ်
ပြီးရင်တော့ Insurance Charges က ¥ 4000 ပါ ( ¥10 သိန်းကျော် ရင်ဈေးနည်းနည်းပိုတတ်ပါတယ် ) အခုကားကတော့ 10 သိန်းကျော်တယ်ဆိုပေမယ့် ဒီလောက်ပဲ ထားပါ ..ဈေးဆစ်လိုက်တာပါ့ ဟုတ်ဘူးလား ..

AMP Co.,ltd ကတော့ One Price မှဆွဲလိုလျှင် ¥10,000 ထပ်မံပေးရပါမယ်လို့ပြောထားတယ် ..တခါတလေတော့ ဈေးပိုပေးပီး One Price ကဆွဲပေါ့နော် ..အခုတော့ One Price ကိုခဏမေ့ထားလိုက် ..

အသေးစိတ်တွက်ကြည့် ရအောင် ..



ရန်ကုန်ဆိပ်ကမ်းအရောက်  ကို  136 သိန်း ကျပါတယ် ..( ဟိုဟက်ကို ငွေလွဲတာတို့ဘာတို့လဲ ပါပီး ပေါ့ .အဲဒီအတွက်ကို ပဲ 1 သိန်းယူထားတာပါ ..ကိုယ်ကဈေးသက်သာတဲ့ကား ရမယ် ယန်းဈေးလဲကျမယ်ဆိုရင်ပိုပီး သက်နိုင်ပါတယ် ..လေလံစဆွဲတုန်းက Deposit ပေးထား ရင် 10 သိန်းပေးထားတယ်ဆို ရင် 126 သိန်းပဲ ပေးလိုက်တော့ပေါ့နော် ..

ဂျပန်ဘက်ပြီးပါပီ ..သင်္ဘောကတော့ 1 လလောက်တော့ စောင့်ရမှာပေါ့ ..ကားထိတာတွေ ဘာတွေ ကိုတော့ Cancellation မှာကြည့်ပါ ..တော်တော်များများကတော့ ဖတ်တတ်ပါတယ် အဆင်းခြစ်ရာသေးသေးလေးတောင် ဟိုဘက်လေလံ သမားက ရေးပေးထားတယ် ..ကားမကောင်း ရင်မကောင်းဘူး ကြိုပြောတယ် ..ကိုယ့်ဟာကိုယ်ဈေးတွက်ကြည့်ပါ ..

အဆင်ပြေကြပါစေ..
ကိုနေစေး .

PS :
ရန်ကုန်ဆိပ်ကမ်းကနေ  ..ကားထွက်တဲ့ အထိ Company ၊လိုင်စင် ၊ အေးဂျင့် ( ဆောင်းပါး 2 )
ကားထွက်တာကနေ ကညန အုံနာဘုတ်ထုတ်တဲ့ အထိ (ဆောင်းပါး 3 )
မကြာမီလာမှီမျှော်

ရေးသားသူမူရင်း ကိုနေစေး ( ph :01373481 )
" Original Link "

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။