ကျွန်တော် လိုပဲ အဝေးရောက် ပြည်ပရောက် မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့  မြန်မာပြည်၏ မကြာခဏပြောင်းလဲနေတဲ့ ဥပဒေတွေ စည်းမျဉ်းတွေကြောင့် သိလိုသောအရာများကို သိချင်ပေမယ့်
ပြောပြမယ့်သူများမရှိခဲ့ ၊ လေ့လာဖတ်ရှုလိုသော်ငြားလည်း စာပေသတင်းဆောင်းပါးတွေမှာမပါ။ထိုကဲ့သို့ သော အကြောင်းအရာများကို စပ်လျဉ်းဖော်ပြသွားပါမည်။ကျွန်တော်သည် ကားအရောင်းအ၀ယ်လုပ်နေသော နာမည်ကြီး လူသိများသူများကိုလည်းကောင်း။ ပွဲစားများကို လည်းကောင်း မေးမြန်းဖူးခဲ့ ပါသည်။ တကယ်လည်း မြန်မာနိုင်ငံသို့ မိသားစု နှင့် ဆွေမျိုးများအတွက် ကား ၅ စီးသွင်းရန်အတွက် စုံစမ်းခဲ့ဖူးပါသည်။
ပြည်ပမှ စုံစမ်းသူများကို အဖက်မလုပ်ပါ။ ထို့ ကြောင့် အလုပ်အပ်ချင်သဖြင့်မေးမြန်းစုံစမ်းခြင်းကို
၎င်းတို့ ဘက်မှ အာချောင်သည်ဟုထင်သဖြင့် အဖက်မလုပ်ခဲ့ ပါ။ နောက်ဆုံးမိမိ သာ ဆုံးဖြတ်ဖျက်တခုချလိုက်တာက ကိုယ်တိုင် ကားသွင်းဖို့ ပါပဲ။ စီးပွားရေးလုပ်ဖို့ တော့ အချိန်ကိုမရ မအားလပ်သောကြောင့် ကားဈေးကွက်တွင် လုပ်စားရန် လုံးဝ လုံးဝ အစီစဉ်မရှိခဲ့ပါ။
ယနေ့မျက်မှောက်ခတ်တွင် လူအများစုသည် အပေါ်ယံကြည့်ပြီး လူသားအချင်းချင်း စိတ်ထဲမှ ဆုံးဖြတ်ကြသည့် အ၇ာသည် လွန်စွာမှားယွင်းသော အတွေးအခေါ်ပိုင်ဆိုင်ထားသူများဖြစ်သည်။သို့ ဖြစ်ပါသောကြောင့် ကားသွင်း။ကားပါမစ်။စာရွက်စာတမ်းကိစ္စ ။ကားထုတ်သည့်ကိစ္စများ အဆင့်ဆင့်ကို နိုင်ငံပိုင်ပြည်သူ့ သတင်းစာများမှ ပြည်သူများသိရှိစေရန် မည်သည့်သတင်းစာမှာ ဖော်ပြထားခြင်းမရှိပါ။ထို့ ကြောင် ကျွန်တော်တို့ မြန်မာလူမျိုးသည် နေရာတကာ အလိမ်ခံ အညာခံ အနှိမ်ခံဘ၀တွေ ရှိနေစမြဲပါ။ ဇတ်တူသားစားနေကြခြင်းဖြစ်ပါတယ်။
ကျွန်တော်ယခုမျှဝေလိုသည်က မြန်မာအစိုးရမှ ပြည်ပမှကားဟောင်းများသွင်းရာတွင် ကောက်ခံသော အခွန်များကို မိမိဘာသာ ကားတန်ဖိုး (Vehicle Price)+သဘောင်္တင်ခ(Shipping Estimate fee) တို့ ကို အလွယ်တကူတွက်နိုင်ရန် Excel Sheet ဖြင့်ဖော်ပြပေးလိုက်ပါသည်။ >>"DOWNLOAD HERE "<< ဒေါင်းလုပ်ပြုလုပ်ပြီး မိမိဝယ်မည့်ကား အတွက်ကုန်ကျမည့်စရိတ်များကိုမိမိကိုယ်တိုင်ခန့်မှန်းတွက်ချက်နိုင်
ပါသည်။
မြန်မာနိုင်ငံအစိုးရမှတ်သတ်မှတ်ပေးထားသော မိမိတင်သွင်းလိုသော ကာအလိုက်ဖော်ပြပေးထားသော CIF ( USD )တန်ဖိုးများကိုလည်း ကို အလွယ်တကူကြည့်ရှုနိုင်ရန် ဖော်ပြပေးလိုက်ပါသည်။
ထို့အပြင် Car Auction ဆွဲလိုသည့်သူများကလည်း Auction Sheet တွင် ဂျပန်လိုရေးထားသည်များ မည်သည့်နေရာတွင် ကား၏မည်သည့်အစိတ်အပိုင်းအခြေအနေကိုဖော်ပြသည်ကိုနားလည်သဘောပေါက်စေရန် နမူနာ ပုံစံများကို Words Sheet တွင် ဖော်ပြပေးလိုက်ပါသည်။ >>> " DOWNLOAD HERE"<<<
မှတ်ချက်...
အထက်ဖော်ပြပါ CIF တန်ဖိုးများသည် အချိန်နဲ့ အမျှပြောင်းလဲနိုင်ပါသောကြောင့်