MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, April 29, 2014

လယ်မြေ ပြသနာများ ရှေ့ လ မတိုင်မှီဖြေရှင်းပေးဖို့ ဦးသူရရွှေမန်းပြော

ဧရာဝတီတိုင်းအတွင်းက လယ်ယာမြေပြဿသနာတွေကို လာမယ့် မေလထဲမှာ အပြီးသတ်ဖြေရှင်းပေးကြ ဖို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဧရာဝတီတိုင်းအစိုးရအဖွဲ့ကို ညွန်ကြားခဲ့တယ်လို့ လယ်သမားအရေးဆောင်ရွက်သူတွေက ဒီနေ့ ပြော ပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ မြို့တော်ခန်းမမှာ သူရဦးရွှေမန်းနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံစဉ် အဲဒီလို ညွှန်ကြားခဲ့တာဖြစ်ကြောင်း  တွေ့ဆုံပွဲကိုတက်ရောက်ခဲ့ တဲ့ လယ်သမားအရေး ကူညီဆောင်ရွက်သူ ဦးထွန်းထွန်းဦးက ပြောပါတယ်။
"'ဒီလယ်ယာမြေကိစ္စတွေကို မေလအတွင်းမှာ ဖြေရှင်းပေးဖို့ သူကနှုတ်မိန့်ပေးသွားတယ်ပေါ့နော်၊ ဧရာဝတီတိုင်းမှာ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ကလည်း တရားဝင်ခန့်အပ်ထားတဲ့ မြို့နယ်၊ ခရိုင်၊
တိုင်းအဆင့် လယ်စီတွေပေါ့နော်၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ညွှန်ကြားတဲ့ဥပဒေတွေနဲ့အညီ မဆောင်ရွက်ဘဲနဲ့ သူတို့က အချိန်ဆွဲတာ ကြန့်ကြာအောင်လုပ်နေတာ၊ ပြဿနာတွေလုပ်နေတဲ့အတွက် ဧရာဝတီတိုင်းအတွင်းမှာ လယ်ယာမြေ ပြဿနာတွေ အနှံ့အပြားဖြစ်ပေါ်နေတယ်၊ တရားစွဲပြီး ထောင်ချခံရတဲ့ လယ်သမားတွေ အများကြီးရှိတယ်"

ဧရာဝတီတိုင်းအတွင်းက လယ်ယာမြေပြဿနာတွေကို ဒီနေ့ တွေ့ဆုံပွဲမှာမတင်ပြဖို့ လယ်သမားအရေး ဆောင်ရွက် သူတွေကို တိုင်းအစိုးရအဖွဲ့က သတိပေးခဲ့ပြီး အဲဒီပြဿနာတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့က တာဝန်ယူဖြေ ရှင်းပေးမယ်လို့လည်း ပြောထားကြောင်း သိရပါတယ်။
ဒီနေ့ တွေ့ဆုံပွဲမှာ တိုင်းအစိုးရတာဝန်ရှိသူတွေက ဧရာဝတီတိုင်းအတွင်း လမ်းပန်းဆက်သွယ်ရေးနဲ့ တယ်လီဖုန်းလိုင်းကိစ္စတွေကို တင်ပြကြတယ်လို့လည်း သိရပါတယ်။ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၅ရက်နေ့က မွန်ပြည်နယ် သထုံမြို့မှာ ဒေသခံတွေ၊ မွန်ပြည်နယ်အစိုးရ တာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့သလို ဧပြီလ ၂၆ ရက်နေ့ကလည်း ကရင်ပြည်နယ် ဘားအံမြို့မှာ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

 RFA NEWS

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။