MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, April 29, 2014

လှိုင်သာယာ နဝဒေးဥယျာဉ်အိမ်ယာရှေ့မှာ လယ်သမားတွေ ဆန္ဒပြ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က န၀ဒေးဥယျာဉ် အိမ်ယာမြေနေရာဟာ အရင်က လယ်သမားတွေ လုပ်ကိုင်စားသောက်ခဲ့တဲ့ လယ်ယာမြေတွေကို သိမ်းခဲ့ပြီး ဆောက်လုပ်တာဖြစ်တဲ့ အတွက် လျော်ကြေးပေးဖို့ ဒီနေ့ လယ်သမား ၆၀ လောက်က န၀ဒေးဥယျာဉ်အိမ်ရာရှေ့မှာ ဆန္ဒပြတောင်းဆိုနေကြပါတယ်။
ဒီနှစ်ထဲ နိုင်ငံပိုင်သတင်း စာတွေထဲမှာ အသိမ်းခံထားရဲ့လယ်သမားတွေရဲ့လယ်တွေကို စိစစ်ပြီး ပြန်လည်ပေးမယ်လို့ ပါရှိလာတာကြောင့် အခုလိုဆန္ဒပြတောင်းဆိုရတာဖြစ်တယ်လို့ လယ် ၁၄ ဧက ပိုင်ဆိုင်ခဲ့တဲ့ ဆန္ဒပြ လယ်သမား ဦးသိန်းမိုးက ပြောပါတယ်။
"၁၉၉၁-၁၉၉၂ စစ်အစိုးရလက်ထက်တုန်းက အိုးအိမ်မြေဆိုတော့ ကျနော်တို့ကဘယ်ပြောရဲမလဲ၊ သိမ်းတာတောင်မှ မဖယ်လို့ရှိရင် ကျနော်တို့ကို ဖမ်းမယ်ဆိုပြီးပြောတာ၊ အခု ၄ လပိုင်း ၅
ရက်နေ့တုန်းက သတင်းစာထဲမှာ ပြည်သူ့လွှတ်တော်အမတ်နဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ တိုင်ပင်ပြီးတော့ လယ်သမားတွေကို ညှိနှိုင်းပေးပါ နစ်နာကြေးပေးမယ်၊ လျော်ကြေးပေးမယ် တောင်းဆိုလို့ရတယ်ဆိုလို့ ကျနော်တို့က အများကိုလိုက်လေ့လာပြီးတော့လုပ်ရတာ၊ ကျနော်တို့အသိဥာဏ်နဲ့ ဆန္ဒပြတာ"
အဲဒီ လယ်မြေနေရာတွေကို စစ်အစိုးရလက်ထက် ၁၉၉၁ ခုနှစ်လောက်က အိုးအိမ်ဦးစီးဌာနက သိမ်းယူခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် နစ်နာကြေးရရှိဖို့ ဧပြီ ၂၅ရက်နေ့ကစပြီး န၀ဒေးဥယျာဉ်အိမ်ယာရှေ့မှာ အိုးအိမ်ဦးစီးဌာနနဲ့ န၀ဒေးဥယျာဉ်အိမ်ရာ စီမံကိန်းဆောက်လုပ်နေတဲ့ ချင်စုမေဖလားဝါးကုမ္ပဏီကို ဆန္ဒပြကြတာဖြစ်ပါတယ်။
လှိုင်သာယာ န၀ဒေးဥယျာဉ်အိမ်ယာမြေနေရာဟာ ၁၉၉၁ခုနှစ်မတိုင်ခင်က သာယာကုန်းကျေးရွာနဲ့ ရေဥက္ကံကျေးရွာက လယ်သမား ၂၇ ဦးပိုင်ဆိုင်တဲ့ ဧက သုံးရာဝန်းကျင်ရှိ လယ်ယာမြေတွေ ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်.... >>> ဒီမှာနှိပ်ပါ <<<


RFA NEWS

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။