MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, April 29, 2014

လယ်သမားတွေ သတင်းထောက်တွေ လွှတ်ပေးရေး ကြေညာချက်ထုတ်

ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေ၊ လယ်သမားတွေ လွတ်မြောက်ဖို့ နဲ့ တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ကို ရုတ်သိမ်းပေးဖို့ တောင်းဆိုတဲ့ ကြေညာချက်ကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းက မကွေးကျောင်းတိုက်မှာ လယ်သမားအရေးဆောင်ရွက် တဲ့ အဖွဲ့တွေ ပူးပေါင်းပြီး ဒီနေ့ ထုတ်ပြန်ခဲ့ပါတယ်။
ဒီ ကြေညာချက်နဲ့ ပတ်သက်ပြီး မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်က ကိုသက်နိုင်က အခုလိုပြောပါတယ်။
"စတုတ္ထမဏ္ဍ္လိုင် လို့ နိုင်ငံတော်သမ္မတကြီး ကပြောထားတဲ့  ကဏ္ဏမှာ မီဒီယာတွေ ကို နှိပ်ကွပ်ပြီးဖမ်းနေတာဟာ ဒါမျိုးတွေ ကန့်ကွက်ပြီးရှုတ်ချရမယ် နောက်
ပြီးတော့ တောင်သူလယ်သမားတွေ သိမ်းဆည်း ခံထားရတဲ့ လယ်တွေကိုပြန်ပြီးတော့တောင်းတယ်၊ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲခံထားရတယ်၊ဒါတွေက မမျှတဘူးဖြစ်တယ် စစ်အစိုးရခေတ်ကလုပ်သွားတဲ့ အပြုအမူကို လုံးဝမပြောင်းလဲဘူးဆို တာပေါ်လွင် တယ်၊ပုဒ်မ ၁၈ နဲ့ ဖမ်းထားတဲ့ကိစ္စတွေ၊ပုဒ်မ ၁၈ နဲ့ ရင်ဆိုင်နေရတဲ့လူတွေ မီဒီယာတွေ ပြန်လွှတ်ပေးဖို့ မတရားဥပဒေတွေ ပြန်ရုတ်သိမ်းပေးဖို့ ကျနော်တို့  ကြေငြာချက်တွေထုတ်ပြီးတော့ တောင်းဆိုတယ် "
ဒီနေ့ ကြေညာချက် ထုတ်ပြန်ရာမှာ မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်၊ တောင်သူလယ်သမား အကျိုးဆောင်ကွန်ရက်၊ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်၊ မိတ္ထီလာ ပြည်သူ့အကျိုးဆောင်ကွန်ရက်၊ နတ္တလင်း ပြည်သူ့အကျိုး ဆောင်ကွန်ရက်နဲ့ ရန်ကုန်၊ မန္တလေးနဲ့ ပဲခူးတိုင်းတို့က လယ်သမားတွေ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
ကြေညာချက်ပါ အချက်အလက်တွေနဲ့ ပတ်သက်ပြီး တစုံတရာ ဖြေရှင်းပေးတာ မရှိခဲ့ရင် နိုင်ငံတော် သမ္မတ ၊ ပြည်သူ့လွှတ်တော် ဥက္ကဌနဲ့ တရားဥပဒေစိုးမိုးရေး ကော်မရှင် ဥက္ကဌတို့ဆီကို တင်ပြတောင်းဆိုသွားကြမယ်လို့ သိရပါတယ်။

RFA NEWS

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။