MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, May 5, 2014

ငဖဲမြို့နယ်မှာ တရုတ် ပိုက်လိုင်းကြောင့် လျော်ကြေး မရသေးသူတွေ ဆန္ဒပြ

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အတွင်းမှာ ရွှေ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းသွားတဲ့ ကျေးရွာ ၁၀ ရွာလောက်က လျော်ကြေးမရသေးတဲ့ ဒေသခံတွေ ဟာ လယ်ယာမြေလျော်ကြေး၊ သီးနှံလျော်ကြေးတွေ ရရှိရေးအတွက် ငဖဲမြို့၊ ဂုတ်ကြီးကျေးရွာမှာ ဒေသခံ ၂၀၀ ကျော်လောက်က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ငဖဲမြို့နယ်မှာ ရွှေသဘာဝဓါတ်ငွေ့ ပိုက်လိုင်းဖြတ်ဖို့ ဆိုပြီး သတ်မှတ်ထားတဲ့ မြေဧက တစ်ထောင်ကျော် အတွက် လျော်ကြေးငွေ ရရှိပြီးဖြစ်ပေမယ့် ပိုက်လိုင်းဖြတ်တဲ့အခါ သတ်မှတ်မြေဧကထက်ကျော် ပြီး ဖြတ်သွားတဲ့အတွက် အဲ့ဒီကျော်လွန်မြေနေရာတွေနဲ့ သီးနှံပင်တွေအတွက် လျော်ကြေးတောင်းဆို ကြတာဖြစ်ပါတယ်။ သက်ဆိုင်ရာက လျော်ကြေးပေး မယ်ဆိုပြီး လာရောက်ပြောတာတွေရှိပေမယ့် တောင် သူတွေအနေနဲ့ စိုက်ပျိုးချိန်အမီ လျော်ကြေးပေး ဖို့ တောင်းဆိုတာလို့ ဒီနေ့ဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ငဖဲမြို့၊

လယ်သမားတွေ နဲ့ ဇေကမ္ဘာကုမ္ပဏီဝန်ထမ်းတွေ ရုန်းရင်းဆန်ခတ်ဖြစ်ပွား

ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် သင်္ဃန်း ကျွန်းကြီးရွာက လယ်သမားတွေနဲ့ ဇေကမ္ဘာ ကုမ္ပဏီ ဝန်ထမ်းတွေ မနေ့က သင်္ဃန်းကျွန်းကြီးရွာနားက လယ်မြေတွေနားမှာ နှစ်ဖက်  ရုန်းရင်းဆန်ခတ်ဖြစ် ပွားခဲ့ရာမှာ ဒီနေ့ မင်္ဂလာဒုံမြို့နယ်ရဲစခန်းမှာ ဇေကမ္ဘာ ကုမ္ပဏီဘက်က လယ်သမား ၂ ဦးကို အမှုဖွင့်လိုက် ပါတယ်။
ပုဒ်မ ၃၂၅ ကိုယ်ထိလက်ရောက်ကျူးလွန်မှု နဲ့ မင်္ဂလာဒုံ မြို့နယ်ရဲစခန်းမှာ အမှုဖွင့်ခံရကြောင်း အမှုဖွင့်ခံရတဲ့ လယ်သမား ဦးအေးနိုင်က ပြောပါတယ်။
"ရုန်းရင်းဆန်ခတ်ဖြစ်ပြီးသွားချိန် မှာ ဇေကမ္ဘာ ဘက်ကသုံးယောက် ခေါင်းကွဲပြီးသွားပြီးတော့ သူတို့က ပုံကြီးချဲ့ပြီးတော့ ဆေးရုံကိုသွားပြီးတော့ အမှုဖွင့်ပြီးတော့ ဆေးရုံတွေသွားတက်ကြတာပေါ့၊ ရွာဘက် ကတော့ လူငယ်ပိုင်းတွေက လေးခွတွေနဲ့ပစ်သွားကြလို့ သုံးလေးယောက်လောက် လေးခွတွေ

သတင်းသမား အခွင့်အရေးတွေကို အကာအကွယ်ပေးထားတယ်လို့ ၀န်ကြီးပြော

သတင်းမီဒီယာဥပဒေထဲမှာ သတင်းသမားတွေအပေါ် အကာအကွယ်ပေးနိုင်တဲ့ အခွင့်အရေးတွေ အလုံအလောက်ပါရှိကြောင်း ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ဒီနေ့ ပြောကြားလိုက်ပါတယ်။
ဒီနေ့ ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်မှာ ကျင်းပတဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနား မှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က သတင်းထောက်တွေကို အခုလို ပြောကြားခဲ့တာပါ။
"ဒီသတင်းသမားများရဲ့ အခွင့်အရေး ကာကွယ်ခြင်း ဆိုတာ အဓိကပါဝင်တယ်၊ နောက်သတင်း ရယူပိုင်ခွင့်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ပါဝင်တယ်၊ ဒီမြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီရဲ့ ဖွဲ့စည်းပုံနဲ့ သူ့ရဲ့လုပ်ပိုင်ခွင့်တွေ ပါဝင်တယ်၊ အဲဒီဥစ္စာတွေဟာ သတင်းသမားများအတွက် အကာအကွယ် အလုံအလောက်ရရှိလိမ့်မယ်လို့ ကျနော့်မျှော်လင့်ပါတယ်"
သတင်းမီဒီယာဥပဒေကို ပြီးခဲ့တဲ့မတ်လက အတည်ပြဌာန်းထားပြီဖြစ်ပြီး နည်းဥပဒေ

ပုဒ်မ ၅၉ (စ) ကို မပြင်ဆင်ဖို့ လေးမျက်နှာမြို့ မှာ ဆန္ဒပြ

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ နိုင်ငံတော် သမ္မတ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉ (စ) ကို မပြင်ဆင်ဖို့အတွက် လေးမျက်နှာမြို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီက ဦးဆောင်ပြီး ဒေသခံတွေ နဲ့ အနီးအနားက ကျေးရွာပေါင်း ၄၀ ကျော်က  ထောင် နဲ့ချီ တဲ့ ဒေသခံတွေ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
လေးမျက်နှာမြို့ခံတွေက ပုဒ်မ ၅၉ (စ)ကို မပြင်ဆင်ဖို့ နဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ဖို့ ဆိုတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး ဆန္ဒဖော်ထုတ်လိုတဲ့ အတွက် ဆန္ဒပြပွဲကိုစီစဉ်တာဖြစ်တယ်လို့ လေးမျက်နှာ မြို့နယ်  ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အလုပ်အမှုဆောင်အဖွဲ့ဝင် ကိုကြည်ဝင်းက ပြော ပါတယ်။
"မြို့ပေါ်မှာရှိတဲ့ ရပ်မိရပ်ဖတွေ၊ ကျေးရွာမှာရှိ တဲ့ ပြည်သူတွေကလာပြီးတော့ ကျနော်တို့ကိုတင်ပြတာပေါ့၊  ၅၉ (စ)၊ အမျိုးဘာသာစောင့်ရှောက်ရေး၊ တည်ငြိမ်အေးချမ်း

ပြည်လုံးကျွတ် မွတ်စလင် ညီလာခံ ကျင်းပမည်

ပထမဆုံးအကြိမ် "ပြည်ထောင်စု တိုင်းရင်းသား မွတ်စလင်များ" ပြည်လုံးကျွတ် ညီလာခံကို လာမယ့် စက်တင်ဘာလအတွင်း ကျင်းပသွားမှာဖြစ်ကြောင်း ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဒီနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကျင်းပရေးကော်မတီက ထုတ်ပြန်လိုက်ပါတယ်။
အဲဒီညီလာခံရဲ့ ဦးတည်ချက်ကို ပြည်ထောင်စု တိုင်းရင်းသား မွတ်စလင်များ ပြည်လုံးကျွတ် ညီလာခံ ကျင်းပရေးကော်မတီ အထွေထွေအတွင်းရေးမှူး တရားလွှတ်တော်ရှေ့နေ ဦးအုန်းမောင်က အခုလို ပြောပါတယ်။
"ပြည်ထောင်စုသားတွေရဲ့ တာဝန်နဲ့ ပြည်ထောင်စုသားတွေရဲ့ အခွင့်အရေးကို အပြည့်အဝရရှိချင်တယ်၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှုရှိတဲ့အတိုင်း အပြည့်အဝ ကိုးကွယ်ခွင့်ကို ရရှိချင်တယ်၊ နိုင်ငံတော်မှာရှိတဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အဲဒီလိုနယ်ပယ်တွေမှာလည်း ကျနော်တို့

ဖမ်းဆီးခံ ၁၄ ဦးကို စစ်တပ်က ပြန်လွှတ်၊ အစိုးရ၀န်ထမ်း ၂ ဦးကို KIA ဖမ်ဆီး

ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့က အစိုးရတပ်တွေနဲ့ KIA တပ်ဖွဲ့တွေက အရပ်သားတွေကို အပြန်အလှန်ဖမ်းဆီး မှုတွေရှိပြီး မေလ ၄ ရက်နေ့ ညနေပိုင်းမှာ အစိုးရတပ် ကဖမ်းသွားတဲ့ ဒုက္ခသည်စခန်းက အမျိုးသား ၁၄ ဦး ကို ပြန်လည်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
မေလ ၃ ရက်နေ့က ဗန်မော်ခရိုင် မန်ဝန်းကြီးမြို့နယ် အတွင်းရှိ လဂါတ်ယန် ဒုက္ခသည်စခန်းက ဒုက္ခသည် အမျိုးသား ၁၄ ဦးကို နယ်မြေခံတပ်မ (၈၈) က ဖမ်းစီးခေါ်ဆောင်သွားပြီး မနေ့က ပြန်လွှတ်ပေးခဲ့ပေမဲ့ တစ်ဦးကို ပြန်ဖမ်းသွားတယ်လို့ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။ အလားတူ မေလ ၃ရက်နေ့က မြစ်ကြီးနားမြို့ ကနေ  မြစ်ဆုံကိုသွားတဲ့ ပြည်နယ်အစိုးရအဖွဲ့ရုံးက ၀န်ထမ်း ၂ ဦးကိုလည်း KIA တပ်ဖွဲ့တွေက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးလမိုင်ဂွမ်ဂျာပြောတာက
"ပြည်နယ်အစိုးရရုံးက ဝန်ထမ်းနှစ်ယောက်က သူတို့မြစ်ဆုံမှာ ပျော်ပွဲစားသွားတဲ့အချိန်မှာ လမ်းမှာဖမ်းသွားတာပေါ့လေ၊ ၃ ရက်နေ့တုန်းက ရုံးဝန်ထမ်းဆိုပြီး ဖမ်းတဲ့သဘောမဟုတ်ဘူးပေါ့၊

သူရဦးရွှေမန်းနဲ့ တရုတ်သမ္မတ တွေ့ဆုံ

တရုတ်နဲ့ အာဆီယံ အနီးကပ်ပူးပေါင်းဆောင် ရွက်နိုင်အောင် မြန်မာနိုင်ငံနဲ့ လက်တွဲအလုပ် လုပ်သွားမယ်လို့ တရုတ်သမ္မတ ဇီကျင်းပင်က ကတိပြု ပြောကြားလိုက်ပါတယ်။
အာဆီယံအလှည့်ကျ ဥက္ကဌ တာဝန်ယူထား တဲ့ မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်းမှာရော၊ နိုင်ငံ တကာမှာပါ ကျယ်ပြန့်တဲ့အခန်းကဏ္ဍ ကနေ ဆောင်ရွက်နိုင်အောင် တရုတ်အစိုးရက အားပေးထောက်ခံသွားမှာဖြစ်ကြောင်း တရုတ်သမ္မတ ဇီကျင်းပင်က ဘေဂျင်းမြို့မှာရောက်နေတဲ့ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနဲ့ မနေ့က တွေ့ဆုံရာမှာ အခုလို ပြောကြားခဲ့တာပါ။
တရုတ်နိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးတွေ နယ်ပယ် စုံဖြန့်ကျက်ဆောင်ရွက်နေသလို၊ မြန်မာနိုင်ငံ ဟာလည်း ပြုပြင်ပြောင်းလဲရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးအောင် ဆောင်ရွက်နေတာကြောင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနဲ့ အတွေ့အကြုံဖလှယ်ရေး တို့ကို နှစ်ဘက်စလုံးက အရှိန်မြှင့်သွားဖို့

ဘင်္ဂလားဒေ့ရှ်မှ ဝင်လာသူ ရခိုင်များ ၂၀၀၀ နီးပါးရှိ

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲက ဘင်္ဂလားဒေရှ်နိုင်ငံမှာ အခြေချနေထိုင်နေတဲ့ ရခိုင်မျိုးနွယ်စုဝင်တွေဟာ ရခိုင်ပြည်နယ် မောင်တောဒေသမှာ နေထိုင် ဖို့ရောက်ရှိလာတာ ဒီနှစ်အတွင်း အများဆုံးဖြစ်ပြီး လူဦးရေ နှစ်ထောင်နီးပါးရှိသွားပြီလို့ သိရပါတယ်။
အခုရက်ပိုင်းအတွင်း ထပ်မံရောက်ရှိလာတဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုတွေကို
 မောင်တောမြို့ပေါ်က ဘုန်းတော်ကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေမှာ ယာယီနေရာချ
ထားပေးနေကြောင်း ရွှေ့ပြောင်းလာ သူတွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ မောင်တောမြို့၊ ဗဟိုကျောင်းတိုက် ဆရာတော် အရှင်အာစာရက RFA ကို မိန့်ကြားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဝင်ရောက်လာကြတဲ့ ရခိုင်မျိုးနွယ်စု ဝင်တွေကို အစိုးရက မောင်တောမြို့နယ်ထဲက

လူကုန်ကူးခံရသူ ၁၅ ဦး တရုတ်ပြည်က ပြန်လာနေပြီ

တရုတ်ပြည်ကို ဖေဖေါ်ဝါရီလမှာ လူကုန်ကူးသူတွေ ပို့လိုက်တဲ့ ဧရာဝတီတိုင်း ပုသိမ်မြို့ အနောက်တောင် ဘက် ငရုပ်ကောင်းမြို့ နယ်ခွဲ ဘုရားချောင်းရွာက ရွာသား ၁၅ ယောက်ဟာ  မေလ ၂ ရက်နေ့ကစပြီး သူတို့အလုပ်လုပ်ရတဲ့ ကျန်းရှီပြည်နယ် ကျီယန်းမြို့  ကနေ မြန်မာနိုင်ငံ မူဆယ်မြို့ဘက်ကို ပြန်လာနေပြီ လို့ စုံစမ်းသိရှိရပါတယ်။
အဲဒီလူ ၁၅ ယောက်ထဲက ကိုတင်အောင်မြင့်ဆိုသူကို RFA က တယ်လီဖုန်းအဆက်အသွယ်ရလို့  မေးမြန်း ကြည့်တဲ့အခါ သူက"ကျနော်တို့ကို တရုတ်ပြည်မှာ အလုပ်ကောင်းတယ်ဆိုပြီးတော့ ခေါ်လာတာပေါ့ ကျတော်တို့က ဒီဘက်ရောက်မှ သူတို့ပြောတာတွေ နဲ့ မညီဘူး အဲ့ဒီတော့မှ ဒီဘက်ကိုရောက်မှ သူတို့ လိမ်ခေါ်လာမှန်း သိတယ်၊ လုပ်ရကိုင်ရတာလည်း အဆင်မပြေဘူး သူတို့ပေးတဲ့ ပိုက်ဆံလေးနဲ့ သုံးနေရတော့ ကျနော်တို့လည်း မနေနိုင်တော့ဘူး၊ မနေနိင်တော့ ပြန်ဖို့ဆိုတော့လည်း ကျနော်တို့ကို လိမ်ပြီးတော့ ညာပြီးခေါ်လာတဲ့သူက  

ကေအဲန်ယူ ဒုတိယဥက္ကဌ နော်စီဖိုးရာစိန် ပုသိမ်လူထုနဲ့ တွေ့ဆုံ

ကရင်စည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးကော်မတီ ဟာ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာ ကရင်လူထု နဲ့တွေ့ဆုံပြီး ငြိမ်းချမ်းရေးဖြစ်စဉ်တွေနဲ့ ပတ်သက်တဲ့ လူထုဆန္ဒသဘောထားတွေကို မေးမြန်းဆွေးနွေးခဲ့ တယ်လို့ ကော်မတီတာဝန်ရှိသူတွေက ပြောပါတယ်။
ဒီနေ့ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ဖိုးသာဖြူ အောက်မေ့ဖွယ် ခရစ်ယာန်ဘုရား ရှိခိုးကျောင်း မှာ တွေ့ဆုံဆွေးနွေးရာ ကရင်အမျိုးသားအစည်းအရုံး KNU ဒုတိယဥက္ကဌ နော်စီဖိုးရာစိန် တက်ရောက်ပြီး ကရင်ြ ရင်စည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးကော် မတီအဖွဲ့ဝင် ဒေါ်နန်းမြင့်တင်က ပြောပါတယ်။
 
"ကရင့်စည်းလုံးရေးနဲ့ ငြိမ်းချမ်းရေးကော်မတီကနေ ပြီးတော့ တတိယအကြိမ် အစည်းအဝေးပြန် လုပ်တာ၊ စည်းလုံးရေး၊ ငြိမ်းချမ်းရေး၊ ကရင့်အနာဂတ်ဘဝ လှပရေးအပေါ်မှာ ဘယ်လိုမြင်သလဲ၊

၃ ရက်ကြာ အစည်းအဝေး မွန်လူငယ် ငါးရာကျော် တက်ရောက်

မွန်လူငယ် ၅၀၀ ကျော် တက်ရောက်နေတဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့က မွန်လူငယ်ညီလာခံမှာ လူငယ်တွေ မူးယစ်ဆေးဝါးသုံးစွဲမှု များလာတဲ့ အခြေအနေတွေနဲ့ နိုင်ငံရေးမှာ လူငယ်တွေ ပါဝင်လာ နိုင်ဖို့အရေးတွေကို တက်ရောက်လာတဲ့ လူငယ်တွေ က ဆွေးနွေးကြပါတယ်။မေလ ၁ ရက်နေ့ကစပြီး မနက်ဖြန် မေလ ၃ရက်နေ့ အထိ မွန်ပြည်နယ်
 မော်လမြိုင်မြို့ တောင်ပေါ်လမ်းက သာသနာ ၂၅၀၀ ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပနေတာဖြစ်ပါတယ်။ လူငယ်တွေကြားထဲ မူးယစ်ဆေးဝါးသုံးဆွဲမှု များလာတာဟာ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးတာကြောင့်ဖြစ်တယ်လို့ သံဖြူဇရပ်မြို့နယ်က တက်ရောက်လာတဲ့ လူငယ်တစ်ဦးဖြစ်တဲ့ ကိုဇာနည်ဦးက ပြောပါတယ်။
"လူငယ်တွေကြားထဲမှာတော့ အဓိကကြုံတွေ့နေရတာက မြင်းဆေးကိစ္စတွေပေါ့၊ အဲဒီမြင်းဆေးကိစ္စတွေက လူငယ်တွေကြားထဲမှာ ရေပန်းစားနေတယ်၊ မြို့ပေါ်အပါအဝင်

SNLD နဲ့ SNDP ပေါင်းစည်းရေး ပဏာမ သဘောတူညီမှုရရှိ

ရှမ်းအမျိုးသားတို့ရဲ့  နိုင်ငံရေးပါတီကြီးနှစ်ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP တို့  နှစ်ပါတီပေါင်းစည်းရေးအတွက် ပဏာမ သဘောတူညီမှုရရှိခဲ့ကြပြီဖြစ်ကြောင်း  SNDP ပါတီခေါင်းဆောင်က ထုတ်ဖော်ပြောဆိုပါတယ်။
အင်အားကြီး ရှမ်းပါတီကြီး နှစ်ခုပူးပေါင်းရေး အတွက် မေလ ၃ ရက် မနေ့က တောင်ကြီးမြို့မှာ နှစ်ဘက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြ ပြီးနောက် အခုလို သဘောတူညီခဲ့ကြတာလို့ SNDP ပါတီရဲ့  ဒုတိယ ဥက္ကဌ ဦးစိုင်းဆောင်ဆီက ပြော ပါတယ်။
"ကျနော်တို့ပူးပေါင်းတယ်ဆိုတဲ့ ဒီသဘောတူညီချက် တစ်ခုကို မနေ့က ၆ နာရီလောက် ဆွေးနွေးပြီးမှ အဲ့ဒီသဘောတူညီချက်ကို အန်ကယ်တို့ရပြီ၊ ဒါပေမဲ့ ဘယ်လိုပူးပေါင်းမယ်၊ ဘယ်တော့ပူးပေါင်းဖြစ်မယ်

အစိုးရနဲ့ ကေအိုင်အေ ၁၃ ရက်နေ့တွေ့မယ်

ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးဖေါ်ဆောင်မှုကော်မတီနဲ့ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့ ခေါင်းဆောင်တွေ လာမယ့် မေလ ၁၃ ရက်နေ့ မြစ်ကြီးနားမှာ တွေ့ ဆုံဆွေးနွေးပါလိမ့်မယ်။
အခုလိုဆွေးနွေးဖို့ ကေအိုင်အို ဘက်ကတောင်းဆိုခဲ့ တာဖြစ်ပါတယ်။ မြန်မာ့တပ်မတော်က ထိပ်တန်းအရာ ရှိတွေ ပါဝင်တက်ရောက်မယ့် ဒီတွေ့ဆုံပွဲမှာ KIA နဲ့ အစိုးရတပ်တွေအကြား မကြာခင်က ထပ်မံဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲတွေကိုလည်း ထည့်သွင်းဆွေးနွေးဖွယ်ရှိတယ် လို့ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေက RFA ကိုပြောပါတယ်။
"ကျနော်တို့ရဲ့ဘယ်လ်လထရယ်တော့ပ် က ပြီးခဲ့ တဲ့ အောက်တိုဘာမှာ ကျနော်တို့ နောက် ဆုံးဆောင်ရွက်ခဲ့ပါတယ်၊အောက်တိုဘာနဲ့ အခု ကျင်းပမဲ့အချိန်ကြားထဲမှာ ဖြစ်ထွန်းတိုး တက်တာ

ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေး ဝန်းသိုမြို့နယ်မှာ ဆန္ဒပြ

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ နိုင်ငံသား အခွင့် အရေးကို အပြည့်အဝ မပေးနိုင်တဲ့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပေးဖို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်မှာ ဒေသခံတစ်ရာလောက်က ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေထဲက အရေးကြီးတဲ့ ပုဒ်မတွေ ကို ပြင်ဆင်နိုင်ဖို့အတွက် ပုဒ်မ ၄၃၆ကို အရင် ပြင်ဆင် ဖို့ ဆန္ဒပြတောင်းဆိုတာလို့ ဒီနေ့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ဝန်းသိုမြို့ခံ ကိုဇော်ဇော်မင်းက ပြောပါတယ်။

"နိုင်ငံသားတွေရဲ့ အခွင့်အရေးကို ဖွဲ့စည်းပုံ အခြေခံဥပဒေကိုယ်တိုင်ကကို ချိုးဖောက်နေ သလို ဖြစ်နေတဲ့အတွက် ပြင်ဖို့ဆိုရင် ပုဒ်မ ၄၃၆ ကို အရင်ဦးဆုံးစပြင်မှ ကျနော်တို့က  ပြင်လို့ရမှာ၊ ပုဒ်မ ၄၃၆ ထဲမှာ ၅၉(စ)တို့လိုပုဒ်မမျိုးတွေ၊နောက် တပ်မတော်နဲ့ ပတ်သက်တဲ့ ပုဒ်မမျိုးတွေကိုသူက အကန့်အသက်တွေနဲ့ ၅၉(စ)တို့လို ပုဒ်မတွေ ကိုပြင်မယ်ဆိုရင် လွှတ်တော်ထဲမှာ

လှိုင်သာယာ မှာ မြေယာလျော်ကြေး ရရှိရေး လယ်သမားတွေ တောင်းဆိုဆန္ဒပြ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်က ပန်းလှိုင်ဂေါက်ကွင်းမြေနေရာနဲ့ လှိုင်သာယာ စက်မှုဇုန်(၁)၊ (၂) အတွက် သိမ်းဆည်းထားတဲ့ လယ်မြေဧက ၉၀၀ ကျော်အတွက် လျော်ကြေးငွေပေးဖို့ လယ်သမား တစ်ထောင်နီးပါးဟာ ဒီနေ့ မနက်ပိုင်းက ပန်းလှိုင်ဂေါက်ကွင်းအနီးမှာ ဆန္ဒပြတောင်းဆိုကြ ပါတယ်။
သိမ်းယူစဉ်က လျော်ကြေးငွေလုံးဝမရရှိခဲ့တာကြောင့် ထိုက်တန်တဲ့ လျော်ကြေးပေးဖို့ တောင်းဆိုတာလို့ ဒီနေ့ ဆန္ဒပြရာမှာပါဝင်တဲ့ လယ် ၈ ဧက အသိမ်းခံရတဲ့ လယ်သမား ဦးစိုးသိန်းက ပြောပါတယ်။
"အဲဒီအချိန်တုန်းက ကျနော်တို့ တောင်းဆိုရမှန်းလည်း မသိဘူး၊ ကျနော်တို့ကို ဖယ်ဆိုလို့ ချက်ချင်း ဖယ်ပေးရတာ လယ်မြေပိုင်ဆိုင်တဲ့ စာတမ်းတွေတော့ ရှိတဲ့လူတွေက အကုန်ရှိကြသေးတယ်၊ တချို့လည်း တာဝန်ကျေစပါးတွေရောင်းတာ အထောက်အထားတွေရှိတယ်၊ လက်ရှိပန်းလှိုင်ဂေါက်ကွင်း

ရန်ကုန်-နေပြည်တော် အမြန်လမ်း ပြုပြင်ရေး အမေရိကန်ကူညီမည်

ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမ ကြီး ပြုပြင်ရေးအတွက် အမေရိကန်နိင်ငံက အကူအညီ နဲ့ ဆောင်ရွက်ဖို့ ဆွေးနွေးမူတွေကို မနေ့က စတင်ပြု လုပ်နေပြီလို့ အမြန်လမ်းမကြီး ပြင်ဆင်ထိန်းသိမ်းရေး ဌာန အကြီးအကဲက RFA ကို အတည်ပြု ပြောပါတယ်။
နေပြည်တော် အမြန်လမ်းကြီးဟာ မြန်မာပြည်တွင်းရှိ လမ်းမကြီးတွေထဲမှာ မတော်တဆမှု အများဆုံးဖြစ်နေ တဲ့ လမ်းတစ်ခုဖြစ်ပြီး အခုနှစ်အတွင်း မတော်မတဆ မှုတွေ ပိုမိုများပြားလာတာကြောင့် ပြင်ဆင်ထိန်းသိမ်း မှုတွေလုပ်ဖို့ လိုအပ်နေတယ်လို့ အမြန်လမ်းမ ကြီး ပြင်ဆင်ထိမ်းသိမ်းရေး အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က ပြောပါတယ်။ ပြင်ဆင်မှုတွေ အတွက် အမေရိကန်အစိုးရရဲ့ ကူညီထောက်ပံ့ရေး ဌာနဖြစ်တဲ့ USAID ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးနေ တာဖြစ်တယ်လို့ သူက ပြောပါတယ်။
"ဒီနေ့ဆိုရင် ကျနော်တို့ဆီကို USAID ကနေ နည်းပညာကူညီဖို့အတွက် လာရောက်ဆွေးနွေးတယ်၊ လက်ရှိ အမြန်လမ်းမကြီးကို Road Safety အတွက် ကျနော်တို့ကို Technical Training ပေးပြီးမှ ၁ဝ ကီလိုမီတာကို  Pilot Project ပေါ့နော်၊ ကျနော်တို့အနေနဲ့ Road Safety အတွက်ကို

အခြေခံ ဥပဒေပြင်ပေးရေး တောင်တွင်း ကြီးမှာ ဆန္ဒပြတောင်းဆို

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ နိုင်ငံတော် သမ္မတဖြစ်ခွင့် အရည်အချင်း သတ်မှတ်ချက် ပုဒ်မတွေ ပယ်ဖျက်ပေးဖို့နဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်တဲ့ ပုဒ်မ ကို ပြင်ဆင်ပေးဖို့ မကွေးတိုင်းဒေသကြီး၊ တောင်တွင်း ကြီးမြို့နယ် က ထောင်ဂဏန်းလောက်ရှိတဲ့ ဒေသ ခံတွေ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြ ပါတယ်။
လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကျင်းပပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို အမြန်ဆုံးပြင်ဆင်နိုင်ဖို့ လိုအပ်တယ် ဆိုတဲ့ အချက်ကိုလည်း ဆန္ဒပြတောင်းဆိုတာလို့ ဒီနေ့ ဆန္ဒပြရာမှာပါဝင်တဲ့ တောင်တွင်းကြီးမြို့ ညောင်ပင် လှကျေးရွာက ကိုသန်းလှိုင်က ပြောပါတယ်။
"အခြေခံ ဥပဒေထဲက ပြင်ဆင်ရမဲ့ ပုဒ်မတွေနဲ့ ဖျက်သိမ်းရမဲ့ပုဒ်မတွေကို အဓိကပစ်မှတ် ထားတောင်းဆိုတာကတော့ ပုဒ်မ ၅၉ (ဃ) ၊ ပုဒ်မ ၅၉ (စ) တွေက ပယ်ဖျက်ပေးရေး တောင်း ဆိုတာပါ ပုဒ်မ ၄၃၆ ကိုတော့ ပြင်ဆင်ပေးရေးတောင်းဆိုတာပါ ဒါပေမဲ့ ပုဒ်မ ၄၃၆ ကိုပြင်ဆင်မယ် ဆိုရင် ၄၃၆

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။