MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, May 5, 2014

၃ ရက်ကြာ အစည်းအဝေး မွန်လူငယ် ငါးရာကျော် တက်ရောက်

မွန်လူငယ် ၅၀၀ ကျော် တက်ရောက်နေတဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့က မွန်လူငယ်ညီလာခံမှာ လူငယ်တွေ မူးယစ်ဆေးဝါးသုံးစွဲမှု များလာတဲ့ အခြေအနေတွေနဲ့ နိုင်ငံရေးမှာ လူငယ်တွေ ပါဝင်လာ နိုင်ဖို့အရေးတွေကို တက်ရောက်လာတဲ့ လူငယ်တွေ က ဆွေးနွေးကြပါတယ်။မေလ ၁ ရက်နေ့ကစပြီး မနက်ဖြန် မေလ ၃ရက်နေ့ အထိ မွန်ပြည်နယ်
 မော်လမြိုင်မြို့ တောင်ပေါ်လမ်းက သာသနာ ၂၅၀၀ ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပနေတာဖြစ်ပါတယ်။ လူငယ်တွေကြားထဲ မူးယစ်ဆေးဝါးသုံးဆွဲမှု များလာတာဟာ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးတာကြောင့်ဖြစ်တယ်လို့ သံဖြူဇရပ်မြို့နယ်က တက်ရောက်လာတဲ့ လူငယ်တစ်ဦးဖြစ်တဲ့ ကိုဇာနည်ဦးက ပြောပါတယ်။
"လူငယ်တွေကြားထဲမှာတော့ အဓိကကြုံတွေ့နေရတာက မြင်းဆေးကိစ္စတွေပေါ့၊ အဲဒီမြင်းဆေးကိစ္စတွေက လူငယ်တွေကြားထဲမှာ ရေပန်းစားနေတယ်၊ မြို့ပေါ်အပါအဝင်
မွန်ပြည်နယ်တစ်ခုလုံးကို ခြုံပြီးတော့ပြောတာပေါ့၊ ပညာပေးအပိုင်းကတော့ အားနည်းတာဗျ၊ မွန်ပြည်သစ်ပါတီက သူတို့လုပ်နိုင်သလောက် ပိုစတာတို့ ဗွီနိုင်းတို့ လက်ကမ်းစာစောင်တို့ လိုက်ဝေနေတယ်၊ ဒါပေမဲ့ တခြားအလုပ်ရုံဆွေးနွေးပွဲလိုဟာမျိုး အားနည်းတယ်လို့မြင်တယ်၊ နောက်တစ်ခု လူငယ်တွေက ဒါကိုသိပ်ပြီးတော့ စွဲလမ်းနေတာတော့ မဟုတ်ဘူးဗျ၊ သူတို့မှာ အလုပ်မရှိဘူး၊ သူတို့ရဲ့ဝါသနာ အခွင့်အလမ်းတစ်ခု ပေါ်လာမယ်ဆိုရင် ဒါတွေပပျောက်သွားနိုင်တယ်"

အဲ့ဒီညီလာခံကို မွန်ပြည်နယ် မြို့နယ် ၁၀ မြို့နယ်က လူငယ်တွေအပြင် ရန်ကုန်၊ ပဲခူး၊ တနင်္သာရီနဲ့ ကရင်ပြည်နယ်က  မွန်တိုင်းရင်းသား လူငယ် ၅၀၀ ကျော် တက်ရောက်နေသလို မွန်နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ၊ မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တွေနဲ့ ရဟန်းသံဃာတွေ တက်ရောက်နေကြပါတယ်။

မွန်လူငယ်ညီလာခံဟာ ပထမဆုံးအကြိမ်ကျင်းပတဲ့ ညီလာခံဖြစ်ပြီး မွန်လူငယ်နဲ့ မွန်အမျိုးသား နိုင်ငံရေး၊ လူငယ်နဲ့ ပညာရေး၊ လူငယ်နဲ့ မူးယစ်ဆေးဝါး၊ လူငယ်နဲ့ စာပေယဉ်ကျေးမှု၊  လူငယ်နဲ့ သဘာဝပတ်ဝန်းကျင် စတဲ့ခေါင်းစဉ်တွေကို တက်ရောက်လာတဲ့ လူငယ်တွေက ပါဝင်ဆွေးနွေးကြ တာဖြစ်ပါတယ်။

RFA NEWS

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။