MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, May 5, 2014

ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေး ဝန်းသိုမြို့နယ်မှာ ဆန္ဒပြ

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ နိုင်ငံသား အခွင့် အရေးကို အပြည့်အဝ မပေးနိုင်တဲ့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပေးဖို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်မှာ ဒေသခံတစ်ရာလောက်က ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေထဲက အရေးကြီးတဲ့ ပုဒ်မတွေ ကို ပြင်ဆင်နိုင်ဖို့အတွက် ပုဒ်မ ၄၃၆ကို အရင် ပြင်ဆင် ဖို့ ဆန္ဒပြတောင်းဆိုတာလို့ ဒီနေ့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ဝန်းသိုမြို့ခံ ကိုဇော်ဇော်မင်းက ပြောပါတယ်။

"နိုင်ငံသားတွေရဲ့ အခွင့်အရေးကို ဖွဲ့စည်းပုံ အခြေခံဥပဒေကိုယ်တိုင်ကကို ချိုးဖောက်နေ သလို ဖြစ်နေတဲ့အတွက် ပြင်ဖို့ဆိုရင် ပုဒ်မ ၄၃၆ ကို အရင်ဦးဆုံးစပြင်မှ ကျနော်တို့က  ပြင်လို့ရမှာ၊ ပုဒ်မ ၄၃၆ ထဲမှာ ၅၉(စ)တို့လိုပုဒ်မမျိုးတွေ၊နောက် တပ်မတော်နဲ့ ပတ်သက်တဲ့ ပုဒ်မမျိုးတွေကိုသူက အကန့်အသက်တွေနဲ့ ၅၉(စ)တို့လို ပုဒ်မတွေ ကိုပြင်မယ်ဆိုရင် လွှတ်တော်ထဲမှာ
လွှတ်တော်အမတ်တွေရဲ့ ၇၅ ရာခိုင်နှုန်းကျော်ထောက်ခံမှုရမှ သူကပြင်လို့ရမယ်၊ အဲလိုထောက်ခံမှုရခဲ့ရင်တောင်မှ ပြည်သူလူထုရဲ့ မဲပေးနိုင်တဲ့ ရာခိုင်နှုန်းရဲ့ထက်ဝက်ကျော်ရမှဆိုတဲ့ ရာခိုင်နှုန်းတွေပါနေတဲ့အတွက် ဒါကြီးက လုံးဝမဖြစ်နိုင်ဘူးလေ၊ဒါကြောင့်မို့လို့ ကျနော်တို့က ပြင်ဖို့ဆိုရင် ပုဒ်မ ၄၃၆ ကို အရင်ဆုံးပြင်ရမှာ ဒါကြောင့်မို့လို့ ကျနော်တို့က ဆန္ဒပြတာဖြစ်ပါတယ်"
ဖွဲ့စည်းပုံပြင်ဆင်တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ပေးဖို့အပြင် နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက် ပုဒ်မတွေဖြစ် တဲ့ ပုဒ်မ ၅၉(စ) နဲ့ (ဃ) တို့ကိုပါ ပြင်ဆင်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ ဝန်းသိုမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကနေ မြို့တစ်ပတ်ပတ်ပြီး တောင်းဆိုဆန္ဒပြကြ တာလို့ သိရပါတယ်။

RFA NEWS

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။