MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, May 5, 2014

ရန်ကုန်-နေပြည်တော် အမြန်လမ်း ပြုပြင်ရေး အမေရိကန်ကူညီမည်

ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမ ကြီး ပြုပြင်ရေးအတွက် အမေရိကန်နိင်ငံက အကူအညီ နဲ့ ဆောင်ရွက်ဖို့ ဆွေးနွေးမူတွေကို မနေ့က စတင်ပြု လုပ်နေပြီလို့ အမြန်လမ်းမကြီး ပြင်ဆင်ထိန်းသိမ်းရေး ဌာန အကြီးအကဲက RFA ကို အတည်ပြု ပြောပါတယ်။
နေပြည်တော် အမြန်လမ်းကြီးဟာ မြန်မာပြည်တွင်းရှိ လမ်းမကြီးတွေထဲမှာ မတော်တဆမှု အများဆုံးဖြစ်နေ တဲ့ လမ်းတစ်ခုဖြစ်ပြီး အခုနှစ်အတွင်း မတော်မတဆ မှုတွေ ပိုမိုများပြားလာတာကြောင့် ပြင်ဆင်ထိန်းသိမ်း မှုတွေလုပ်ဖို့ လိုအပ်နေတယ်လို့ အမြန်လမ်းမ ကြီး ပြင်ဆင်ထိမ်းသိမ်းရေး အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က ပြောပါတယ်။ ပြင်ဆင်မှုတွေ အတွက် အမေရိကန်အစိုးရရဲ့ ကူညီထောက်ပံ့ရေး ဌာနဖြစ်တဲ့ USAID ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးနေ တာဖြစ်တယ်လို့ သူက ပြောပါတယ်။
"ဒီနေ့ဆိုရင် ကျနော်တို့ဆီကို USAID ကနေ နည်းပညာကူညီဖို့အတွက် လာရောက်ဆွေးနွေးတယ်၊ လက်ရှိ အမြန်လမ်းမကြီးကို Road Safety အတွက် ကျနော်တို့ကို Technical Training ပေးပြီးမှ ၁ဝ ကီလိုမီတာကို  Pilot Project ပေါ့နော်၊ ကျနော်တို့အနေနဲ့ Road Safety အတွက်ကို
သူတို့ကဒီဇိုင်းထုတ်ပြီးလုပ်ပေးမယ်၊ ဒီဇိုင်းထုတ်တဲ့ နည်းပညာတွေကိုလည်း ကျနော်တို့ကို သင်တန်းပေးမယ်လို့ ဒီနေ့အတွက် ကျနော်တို့ဆွေးနွေး ထားတယ် "
မတော်တဆမှုတွေ ကာကွယ်ရေးအတွက် လမ်းဒီဇိုင်းထုတ်တဲ့ ပညာရပ်တွေကို သင်ကြားပေးပြီး မြန်မာ အင်ဂျင်နီယာတွေက လမ်းအရှည် ၁၀ ကီလိုမီတာကို စမ်းသပ်ဒီဇိုင်းထုတ်ဖို့ အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။ သတင်းတွေအရ USAID  ထံက အမေရိကန်ဒေါ်လာ တစ်သန်းခွဲလောက် အကူအညီရရှိဖို့ရှိတယ်လို့ သိရပါတယ်။

အသံဖိုင် နားဆင်ရန် >>> ဒီမှာနှိပ်ပါ<<<   

RFA NEWS

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။