MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, May 5, 2014

ဖမ်းဆီးခံ ၁၄ ဦးကို စစ်တပ်က ပြန်လွှတ်၊ အစိုးရ၀န်ထမ်း ၂ ဦးကို KIA ဖမ်ဆီး

ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့က အစိုးရတပ်တွေနဲ့ KIA တပ်ဖွဲ့တွေက အရပ်သားတွေကို အပြန်အလှန်ဖမ်းဆီး မှုတွေရှိပြီး မေလ ၄ ရက်နေ့ ညနေပိုင်းမှာ အစိုးရတပ် ကဖမ်းသွားတဲ့ ဒုက္ခသည်စခန်းက အမျိုးသား ၁၄ ဦး ကို ပြန်လည်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
မေလ ၃ ရက်နေ့က ဗန်မော်ခရိုင် မန်ဝန်းကြီးမြို့နယ် အတွင်းရှိ လဂါတ်ယန် ဒုက္ခသည်စခန်းက ဒုက္ခသည် အမျိုးသား ၁၄ ဦးကို နယ်မြေခံတပ်မ (၈၈) က ဖမ်းစီးခေါ်ဆောင်သွားပြီး မနေ့က ပြန်လွှတ်ပေးခဲ့ပေမဲ့ တစ်ဦးကို ပြန်ဖမ်းသွားတယ်လို့ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။ အလားတူ မေလ ၃ရက်နေ့က မြစ်ကြီးနားမြို့ ကနေ  မြစ်ဆုံကိုသွားတဲ့ ပြည်နယ်အစိုးရအဖွဲ့ရုံးက ၀န်ထမ်း ၂ ဦးကိုလည်း KIA တပ်ဖွဲ့တွေက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးလမိုင်ဂွမ်ဂျာပြောတာက
"ပြည်နယ်အစိုးရရုံးက ဝန်ထမ်းနှစ်ယောက်က သူတို့မြစ်ဆုံမှာ ပျော်ပွဲစားသွားတဲ့အချိန်မှာ လမ်းမှာဖမ်းသွားတာပေါ့လေ၊ ၃ ရက်နေ့တုန်းက ရုံးဝန်ထမ်းဆိုပြီး ဖမ်းတဲ့သဘောမဟုတ်ဘူးပေါ့၊
သူတို့လည်း သူတို့တပ်ပြေးတွေကို လာရောက်ဖမ်းဖို့ အထဲမှာဝင်တဲ့အချိန်မှာ ကြုံကြိုက်လို့ဖမ်းသွားတဲ့သဘောပေါ့ အဲလိုပြောတယ်ခင်ဗျ၊ အဲဒါကျနော်တို့ဘက်က ပြန်လွှတ်ပေးဖို့အတွက် ပြောထားပြီးသားပဲ၊ ပြန်လွှတ်ပေးမယ်လို့ သတင်းသိရတယ်"
အခုလို အပြန်အလှန်ဖမ်းဆီးမှုတွေရှိနေတာ တစ်ဘက်နဲ့တစ်ဘက် ယုံကြည်မူအားနည်းလို့ဖြစ်တယ်လို့ ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။ လတ်တလောအနေနဲ့ KIO အဖွဲ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ကို သီးခြားဆွေးနွေးဖို့ ကမ်းလှမ်းထားပြီး လာမယ့် မေလ ၁၃ရက်နေ့မှာ မြစ်ကြီးနားမြို့မှာ နှစ်ဘက်တွေ့ ဆုံ ဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ဦးလမိုင်ဂွမ်ဂျာကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။အသံဖိုင်နားဆင်ရန်>>>ဒီမှာနှိပ်<<<

RFA NEWS

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။