MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, July 15, 2018

တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရသူ တစ်ထောင်ဝန်းကျင်ရှိ


ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စုနဲ့ ဟိုခဲကျေးရွာအုပ်စုတဝိုက်မှာ အစိုးရ တပ်မတော်နဲ့ RCSS/SSA တို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့လောက်ကစတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတစ်ထောင်ဝန်းကျင် နေရပ်စွန့်ခွာ ထွက်ပြေးနေကြပါတယ်။

တိုက်ပွဲစတင်ဖြစ်ပွားစဉ်က ဒေသခံ ၄ဝဝ ကျော်လောက် ထွက်ပြေးကြတာဖြစ်ပြီး မနေ့ကတော့ ဟမ်းငိုင်းရွာ တဝိုက်မှာ တိုက်လေယာဉ် ပျံသန်းမှုတွေ ရှိနေတာကြောင့် စိုးရိမ်ထိတ်လန့်ပြီး ထွက်ပြေးလာသူတွေ တိုးလာတာပါ။
ထွက်ပြေးလာသူတွေဟာ ဟမ်းငိုင်းရွာက စပ်တော်ရာကျောင်းမှာ ၄၂၅ ဦး၊ ကောင်းမူးဆိုင်ကျောင်းမှာ ၁၁၇ ဦး၊ ကုန်းဆုန်ကျောင်းမှာ ၂၇၄ ဦး၊ နားလွေကျောင်းမှာ နှစ်ရာဝန်းကျင် ရှိနေတာဖြစ်ပါတယ်။

သူတို့ဟာ ရှမ်းနဲ့ ပလောင် တိုင်းရင်းသားတွေဖြစ်ပြီး ကောင်းမူးဆိုင်ကျောင်းမှာတော့ ပလောင်တိုင်းရင်းသားတွေ ခိုလှုံနေပါတယ်။ ကျန်တဲ့စခန်းတွေမှာတော့ ရှမ်းတိုင်းရင်းသားတွေ ခိုလှုံနေကြပါတယ်။

ဒုက္ခသည်တွေအတွက် စားစရာတွေကို SNLD ကျားခေါင်းပါတီနဲ့ ရှမ်းလူငယ်အဖွဲ့တွေက ကူညီနေပြီး စောင်နဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေတော့ လိုအပ်နေပါတယ်။

ဇူလိုင်လ ၁၃ ရက်နေ့ မနေ့ကတော့ ကျေးရွာတဝိုက်မှာ တိုက်ပွဲတွေဖြစ်ပွားတာမရှိပေမယ့် စစ်ရေးလှုပ်ရှားမှုတွေ ကိုတော့ တွေ့နေရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲကြောင့် ဒေသခံတွေထွက်ပြေးနေရသလို မူလတန်းကျောင်းတချို့လည်း ပိတ်ထားရပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ကျေးရွာတဝိုက်မှာ ဒေသခံနှစ်ဦး သေဆုံးတာတွေ့ခဲ့ရသလို လမ်းပြအဖြစ် ခေါ်ဆောင်ခံရသူ တစ်ဦးလည်း နေရပ်ပြန်ရောက်မလာဘူးလို့ ဒေသခံတချို့က ပြောပါတယ်။ အဲဒီအခြေအနေတွေကိုတော့ RFA က အတည်မပြုနိုင်သေးပါဘူး။

လတ်တလော ထွက်ပြေးလာသူတွေထဲမှာ အသက်ကြီးသူတွေနဲ့ ကလေးငယ်တွေဟာ ဝမ်းလျှောတာ၊ အအေးမိတာ၊ အဟာရပြတ်တာ စတဲ့ ဝေဒနာတွေ ခံစားနေရပြီး မြို့နယ်ကျန်းမာရေးဌာနက ဆေးကုသမှုတွေ လုပ်ဆောင်ပေးနေ ပါတယ်။

Ref: RFA

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။