MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, July 15, 2018

NCA ကို ရှောင်လွှဲမရနိုင်ဟု တရုတ်ကိုယ်စားလှယ် ပြောကြား

မြောက်ပိုင်း မဟာမိတ်အဖွဲ့ကို တတိယအကြိမ် ပင်လုံညီလာခံကို တက်ရောက်လာအောင် တိုက်တွန်းခဲ့တဲ့ တရုတ်နိုင်ငံအနေနဲ့ NCA စာချုပ်ကို ရှောင်လွဲလို့မရဘူးလို့ ယုံကြည်တယ်လို့ တရုတ် ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကိုရှန်းက မနေ့က သတင်းထောက်တွေကို ပြောပါတယ်။

ပါဝင်ပတ်သက်တဲ့အဖွဲ့တွေအနေနဲ့လည်း NCA စာချုပ်မှာ လက်မှတ်ရေးထိုးနိုင်ဖို့ ဆက်လက် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ရှိတယ်လို့ ပြောပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ အနေနဲ့ အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ချိန်က ငြိမ်းချမ်းရေးအတွက် NCA လမ်းကြောင်းကမဟုတ်ဘဲ လမ်းကြောင်းသစ်နဲ့ သွားမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

လက်ရှိအခြေအနေမှာ မြန်မာအစိုးရဘက်ကရော တပ်မတော်ဘက်ကပါ NCA ကို လက်မှတ်ရေးထိုးဖို့ အမြဲ တိုက်တွန်းနေပါတယ်။ ဇူလိုင်လ ၁၂ ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့သလို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင် KIO အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဖြစ်တဲ့ ဗိုလ်ချုပ် ဂွန်မော်ကတော့ NCA ကို လက်မှတ်ထိုးမယ် မထိုးဘူး ပြောဖို့ အချိန်စောသေးတယ်လို့ ပြောပါတယ်။

အခုဆွေးနွေးပွဲကို ဖိတ်ကြားတဲ့သူက ဖိတ်ကြားခဲ့တာတော့ အပြန်အလှန်လေးစားသောအားဖြင့် လာရောက်တက်ခဲ့ တာလို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ ငြိမ်းချမ်းရေး ကော်မရှင်အနေနဲ့ တွေ့ဆုံဖို့ အစီအစဉ်တွေ ကတော့ စတင်လာတာ တွေ့ရပါတယ်။

မြောက်ပိုင်းအဖွဲ့ကို ညီလာခံကို ခေါ်ဆောင်လာတဲ့ တရုတ် သံတမန် ဆွန်ကိုရှန်း ကလည်း လက်ရှိအစပိုင်း အခြေအနေတွေ ကောင်းမွန်နေပါတယ်လို့ ပြောပါတယ်။

တဆက်တည်း အခုလို တရုတ်နိုင်ငံအနေနဲ့ ကြားဝင်ဆောင်ရွက်နေခြင်းဟာ တရုတ်ပြည် အကျိုးစီးပွားအတွက် မဟုတ်ပါလို့ ပြောပါတယ်။

REF: RFA

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။