MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, July 15, 2018

"ဝ" အဖွဲ့ တင်ပြချက်အပေါ် နှစ်ဖက်ညှိနှိုင်းမယ်လို့ ဦးဇော်ဌေး ပြော



NCA စာချုပ်ပါ အချက်တွေကို ပြင်ဆင်ခွင့်နဲ့ သဘောမကျရင် နုတ်ထွက်ခွင့်ပေးမယ်လို့ အစိုးရနဲ့ တပ်မတော်က စာနဲ့ ကတိပေးနိုင်ရင် NCA လက်မှတ်ထိုးဖို့ စဉ်းစားမယ်လို့ UWSA "ဝ" အဖွဲ့က တင်ပြထားတဲ့အပေါ် နှစ်ဘက်ညှိနှိုင်း သွားမယ်လို့ အစိုးရအဖွဲ့ ပြောခွင့်ရသူတစ်ဦးက ပြောပါတယ်။

UWSA "ဝ" အဖွဲ့က အစိုးရနဲ့ တပ်မတော်ကို တင်ပြထားတဲ့ နုတ်ထွက်ခွင့်ဆိုတဲ့ ကိစ္စဟာ NCA စာချုပ်မှာ မပါဝင်တဲ့အချက်ဖြစ်တယ်လို့ တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ တတိယနေ့အပြီး မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အစိုးရအဖွဲ့ ကိုယ်စားလှယ်ဖြစ်သူ ဦးဇော်ဌေးက ပြောပါတယ်။

"NCA မှာပြင်ဆင်ဖို့ ထွက်လို့ရတယ်ဆိုတဲ့ဟာ မပါဘူး၊ ထွက်လို့မရဘူးဆိုတဲ့ဟာလည်း မပါဘူး၊ NCA ပုဒ်မ ၂၇ မှာ ဘာပါလဲဆိုရင် NCA က လွှမ်းခြုံနိုင်ခြင်းမရှိတဲ့ ကိစ္စတွေပေါ်ပေါက်လာရင် ဆိုလိုချင်တာကတော့ တကယ်လို့ NCA မှာ တိတိကျကျမပါတဲ့ဟာတွေဖြစ်လာရင် နှစ်ဖက်ပေါ့နော် NCA ထိုးတဲ့အဖွဲ့နဲ့ အစိုးရနဲ့ နှစ်ဖက်ညှိနှိုင်း သွားမယ်လို့ပဲ ပါရှိပါတယ်"

NCA ကို ရှောင်လွှဲမရနိုင်ဟု တရုတ်ကိုယ်စားလှယ် ပြောကြား

မြောက်ပိုင်း မဟာမိတ်အဖွဲ့ကို တတိယအကြိမ် ပင်လုံညီလာခံကို တက်ရောက်လာအောင် တိုက်တွန်းခဲ့တဲ့ တရုတ်နိုင်ငံအနေနဲ့ NCA စာချုပ်ကို ရှောင်လွဲလို့မရဘူးလို့ ယုံကြည်တယ်လို့ တရုတ် ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကိုရှန်းက မနေ့က သတင်းထောက်တွေကို ပြောပါတယ်။

ပါဝင်ပတ်သက်တဲ့အဖွဲ့တွေအနေနဲ့လည်း NCA စာချုပ်မှာ လက်မှတ်ရေးထိုးနိုင်ဖို့ ဆက်လက် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ရှိတယ်လို့ ပြောပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ အနေနဲ့ အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ချိန်က ငြိမ်းချမ်းရေးအတွက် NCA လမ်းကြောင်းကမဟုတ်ဘဲ လမ်းကြောင်းသစ်နဲ့ သွားမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

လက်ရှိအခြေအနေမှာ မြန်မာအစိုးရဘက်ကရော တပ်မတော်ဘက်ကပါ NCA ကို လက်မှတ်ရေးထိုးဖို့ အမြဲ တိုက်တွန်းနေပါတယ်။ ဇူလိုင်လ ၁၂ ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့သလို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင် KIO အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဖြစ်တဲ့ ဗိုလ်ချုပ် ဂွန်မော်ကတော့ NCA ကို လက်မှတ်ထိုးမယ် မထိုးဘူး ပြောဖို့ အချိန်စောသေးတယ်လို့ ပြောပါတယ်။

အခုဆွေးနွေးပွဲကို ဖိတ်ကြားတဲ့သူက ဖိတ်ကြားခဲ့တာတော့ အပြန်အလှန်လေးစားသောအားဖြင့် လာရောက်တက်ခဲ့ တာလို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ ငြိမ်းချမ်းရေး ကော်မရှင်အနေနဲ့ တွေ့ဆုံဖို့ အစီအစဉ်တွေ ကတော့ စတင်လာတာ တွေ့ရပါတယ်။

မြောက်ပိုင်းအဖွဲ့ကို ညီလာခံကို ခေါ်ဆောင်လာတဲ့ တရုတ် သံတမန် ဆွန်ကိုရှန်း ကလည်း လက်ရှိအစပိုင်း အခြေအနေတွေ ကောင်းမွန်နေပါတယ်လို့ ပြောပါတယ်။

တဆက်တည်း အခုလို တရုတ်နိုင်ငံအနေနဲ့ ကြားဝင်ဆောင်ရွက်နေခြင်းဟာ တရုတ်ပြည် အကျိုးစီးပွားအတွက် မဟုတ်ပါလို့ ပြောပါတယ်။

REF: RFA

တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရသူ တစ်ထောင်ဝန်းကျင်ရှိ


ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စုနဲ့ ဟိုခဲကျေးရွာအုပ်စုတဝိုက်မှာ အစိုးရ တပ်မတော်နဲ့ RCSS/SSA တို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့လောက်ကစတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတစ်ထောင်ဝန်းကျင် နေရပ်စွန့်ခွာ ထွက်ပြေးနေကြပါတယ်။

တိုက်ပွဲစတင်ဖြစ်ပွားစဉ်က ဒေသခံ ၄ဝဝ ကျော်လောက် ထွက်ပြေးကြတာဖြစ်ပြီး မနေ့ကတော့ ဟမ်းငိုင်းရွာ တဝိုက်မှာ တိုက်လေယာဉ် ပျံသန်းမှုတွေ ရှိနေတာကြောင့် စိုးရိမ်ထိတ်လန့်ပြီး ထွက်ပြေးလာသူတွေ တိုးလာတာပါ။

အမုန်းတရား ပြန့်ပွားမှု တားဆီးရေး ဖေ့စ်ဘွတ် ကြိုးပမ်း


မြန်မာနိုင်ငံမှာ ဖေ့စ်ဘွတ်လူမှုမီဒီယာကို အသုံးပြုပြီး အမုန်းတရားနဲ့ မငြိမ်မသက်ဖြစ်အောင် လှုံ့ဆော်နေတာတွေကို တားဆီးရေးအတွက် အပြင်းအထန် ကြိုးစားနေတယ်လို့ ဖေ့စ်ဘွတ်ကုမ္ပဏီ အရာတွရှိကေြေ
ပာပါတယ်။
အမေရိကန် နိုင်ငံရေးအသိုင်းအဝန်းမှာ ထင်ရှားတဲ့ The Hill အင်တာနက်ဝက်ဆိုဒ်မှာ ကြာသပတေးနေ့ ဖေါ်ပြချက် အရဆိုရင် မြန်မာနိုင်ငံမှာ ဖေ့စ်ဘွတ်ကို သုံးစွဲပြီး ဘာသာရေးနဲ့ လူမျိုးရေးအရ အမုန်းတရားတွေ ပြန့်ပွားအောင် အသုံးပြုခဲ့ကြတာကို တားဆီးရန် နှောင့်နှေးခဲ့မှုအတွက် ဖေ့စ်ဘွတ်ကုမ္ပဏီဟာ အတော်ဖိအားပေး ခံနေရပါတယ်။ အဲဒီလို ဖိအားပေးနေသူတွေထဲမှာ အမေရိကန် လွှတ်တော်အမတ်တွေလည်း အများအပြား ပါဝင်နေပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ အရာရှိတချို့ကဆိုရင် မြန်မာပြည်ကနေ ဖေ့စ်ဘွတ်ထွက်ဖို့တောင် ပြောဆိုခဲ့ကြပါတယ်။

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။